Monywa News

Monywa News

ချောင်းဦးမှ မုံရွာသို့ ထွက်လာသော စစ်သားများလိုက်ပါလာသည့် အရပ်သားကားများကို ပစ်ခတ် တိုက်ခိုက် (ရုပ်သံ)

 

D Day News

ဧပြီလ ၁၂

 

ချောင်းဦးမြို့မှ မုံရွာမြို့သို့ ထွက်လာသော စစ်သားများလိုက်ပါလာသည့် ကား ၂ စီးကို ပစ်ခတ်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

 

ယမန်နေ့ ဧပြီလ ၁၁ ရက် ညနေ ၄ နာရီ ၄၇ မိနစ်ခန့က ချောင်းဦးမြို့မှ မုံရွာမြို့သို့ ထွက်လာသော အကြမ်းဖက်စစ်သားများ စီးနင်းလိုက်ပါလာသည့် ၆ ဘီးကား ၁ စီး၊ Express ကားတစ်စီးတို့ကို မုံရွာ -မန္တလေးလမ်းပေါ် တရော၌ အသင့်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက် သေဆုံးမှုရှိပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

https://youtu.be/4d6CzxZiuSI

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော် – Chindwin Attack Force တပ် ရင်း ၄ ၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်း ၄ အထူးကကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၄) တပ်ခွဲ (၂) 5/ Commando Force ၊ Democratic Guerrilla Force (D.G.F) ၊ Monywa Force Group နှင့် စေတန် တို့ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်​ကောင်စီ၏ ရွေးကောက်ပွဲ ထောင်ချောက်ကို စုစည်းညီညွတ်စွာဖြင့် ကျော်လွှားကြရန် NUG တိုက်တွန်း (ရုပ်သံ)

စစ်​ကောင်စီ၏ ရွေးကောက်ပွဲ ထောင်ချောက်ကို စုစည်းညီညွတ်စွာဖြင့် ကျော်လွှားကြရန် NUG တိုက်တွန်း (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၀ အကြမ်းဖက်စစ်ကောင်စီ ရွေးကောက်ပွဲထောင်ချောက်ကို တော်လှန်ရေးအင်အားစုများအနေဖြင့် စုစည်းညီညွတ်စွာ လက်တွဲပြီး ကျော်ကြားပါရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စု ဝန် ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားသည်။ ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့တွင် ပုံမှန်ပြုလုပ်နေကြဖြစ်သည့် ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းပြောကြားခြင်းအစီ အစဉ်တွင်...