Monywa News

Monywa News

မုံရွာ -ချောင်းဦးလမ်းပေါ်ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေသော စစ်သားများကို ပစ်ခတ်တိုက်ခိုက် (ရုပ်သံ)

 

D Day News

ဧပြီလ ၁၂

 

စစ်ကိုင်းတိုင်း၊ မုံရွာ -ချောင်းဦးလမ်းပိုင်းတွင် စစ်သားများတင်ဆောင်လာသည့် ၁၂ ဘီးကား ၁ စီးနှင့် ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးနေသော စစ်သား၊ ပျူစောထီးများကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း Area71 PDF Monywa အဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၁၁ ရက် ညနေ ၅ နာရီ ၂၅ မိနစ်က စစ်ကိုင်းမြို့ တပ်မ ၃၃ မှ အကြမ်းဖက်စစ်သား များ တင်ဆောင်ပြီး မုံရွာမြို့ဘက်သို့ ထွက်ခွာလာသော ၁၂ ဘီးကားကို ချောင်းဦး -မုံရွာလမ်းပိုင်း တနေရာ အရောက် ၅ လုံးတွဲ ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားကို ထိမှန်ပြီး အလျှင် အမြန်မောင်းနှင့်ပြေးသွားကြောင်း၊ ထို့အပြင် ယင်းကားပေါ်ပါ အကြမ်းဖက်စစ်သားများက လက်နက် ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ညနေ ၆ နာရီခန့်တွင် မုံရွာမြို့နယ်၊ တောပုရွာမှ အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများသည် မုံရွာ-ချောင်းဦးလမ်းဘေး ပုရစ်ကုန်းတောင်ရွာရှိ အပြစ်မဲ့ပြည် သူ့နေအိမ်များကို မီးရှို့ခဲ့ကြောင်း သိရသည်။

 

https://youtu.be/zNi6OLtlOQk

“မိုင်းဆွဲခံရလို့ တောပုရွာကနေ ထွက်လာပြီး လမ်းဘေးက နေအိမ်တွေကို မီးရှို့တာ၊ ထိခိုက်သေဆုံးမှု ရှိလို့သာ လာပြီး မီးရှို့တာ၊ နေအိမ် ၃ လုံးတော့ မီးလောင်ပြာကျသွားတယ်၊ ကျနော်တို့ ရဲဘော်တွေ လည်း မျက်နှာချင်းဆိုင် တိုက်ခိုက်နေရတာမို့ မီးလောင်တာမြင်လည်း ဝင်ပြီး မီးငြှိမ်းသတ်ပေးလို့ မရခဲ့ဘူး၊ အမှန်ဆိုရင် အိမ်ဘယ်နှစ်လုံး မီးရှို့ခံရမလဲ မသိဘူး၊ ဝင်ကြိတ်နိုင်လို့သာ၊ ကျည်တော့ ၃၀၀ လောက်ကုန်ခဲ့တယ်” ဟု Area71 PDF Monywa အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထို့သို့ မီးရှို့နေစဉ် Area 71 PDF Monywa အဖွဲ့၏ တိုက်ခိုက်ရေး ရဲဘော်များမှ လက်နက်ငယ်များ ဖြင့် အလစ်အငိုက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက်စစ်သား၊ ပျူစောထီးများ သည် မုံရွာ ချောင်းဦး လမ်းဘေး ကျေးရွာ ဖြစ်သော ကြေးမုံရွာ၏ အနောက်ဘက် (ကားလမ်း၏ အ နောက်ဘက်) တွင်ရှိသော အပြစ်မဲ့ ပြည်သူ့ နေအိမ်များကို မီးလောင်ဗုံးများ၊ ၆၀ မမ လက်နက်ကြီး များ ဖြင့် ပစ်ခတ်ကာ တောပုကျေးရွာသို့ ပြန်ဆုတ်သွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို Area71 PDF Monywa အဖွဲ့နှင့် ANYAR DFEFENCE. FORCE (ADF) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်​ကောင်စီ၏ ရွေးကောက်ပွဲ ထောင်ချောက်ကို စုစည်းညီညွတ်စွာဖြင့် ကျော်လွှားကြရန် NUG တိုက်တွန်း (ရုပ်သံ)

စစ်​ကောင်စီ၏ ရွေးကောက်ပွဲ ထောင်ချောက်ကို စုစည်းညီညွတ်စွာဖြင့် ကျော်လွှားကြရန် NUG တိုက်တွန်း (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၀ အကြမ်းဖက်စစ်ကောင်စီ ရွေးကောက်ပွဲထောင်ချောက်ကို တော်လှန်ရေးအင်အားစုများအနေဖြင့် စုစည်းညီညွတ်စွာ လက်တွဲပြီး ကျော်ကြားပါရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စု ဝန် ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားသည်။ ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့တွင် ပုံမှန်ပြုလုပ်နေကြဖြစ်သည့် ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းပြောကြားခြင်းအစီ အစဉ်တွင်...