မုံရွာမြို့နယ်၊ တောပုရွာ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား၊ ပျူစောထီး ၄ ဦး သေဆုံးပြီ နေအိမ်တစ်လုံး မီးလောင်ပျက်စီး
D Day News
ဧပြီလ ၄
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူ စောထီး ၄ ဦးသေဆုံးခဲ့ပြီး ပျူစောထီးနေအိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့ကြောင်း မြောင်မြို့နယ်ပြည် သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ – MSPDF မှ သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။
ဧပြီလ ၂ ရက် ညနေ ၄ နာရီခန့်မှ ၆ နာရီ မိနစ် ၃၀ ခန့်အထိ မုံရွာမြို့နယ်၊ တောပုပျူစောထီးကျေးရွာ ရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို “Shar Htoo WAW”နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် AIR BOMB ၁၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီး ၄ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ပျူစောထီးနေအိမ်တစ်လုံးလည်း မီး လောင်ပျက်စီးခဲ့ကြောင်း သိရသည်။
“ဒဏ်ရာရတဲ့သူတွေကို မန္တလေးဘက်ကနေ လာတဲ့ အန်စာတုံးကားတစ်စီးကို ချောဆွဲပြီး မုံရွာကို ဆေးရုံကို ပို့လိုက်ရပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ရမ်းသမ်းပစ်ခတ်တာတွေရှိတယ်၊ ညီမတို့တပ်ဖွဲ့က ဒရုန်းစစ်ဆင်ရေးတွေကို အမြဲတမ်းလုပ်ဆောင်နေတာမို့ ဒရုန်းဗုံးသီး လိုအပ်ချက် ရှိနေပါတယ်၊ ပြီးတော့ စစ်ဆင်ရေးတွေအတွက်လည်း လက်နက်ခဲယမ်းတွေလိုအပ်ချက်ဖြစ်နေပါ တယ်။ အဲဒါကြောင့် မိဘပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ – MSPDF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့-MSPDF ၊ စစ်ကိုင်းခရိုင် Drone တပ်ဖွဲ့၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း-NRDF ၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း-တပ်ခွဲ ၂ ၊ URBAN HUNTER FORCE-UHF ၊ SHINING STARS နှင့် Meikhtila Special Force တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
D Day News