Monywa News

Monywa News

မုံရွာမြို့နယ်တွင် တွဲကား ၇ စီးပါ စစ်ယာဉ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု ကားမောင်းသမား အပါအဝင် ၅ ဦး ဒဏ်ရာရ

 

D Day News

ဩဂုတ်လ ၉

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြေနဲကျေးရွာနှင့် မအူကျေးရွာကြားတွင် အကြမ်းဖက်စစ်တပ်ယာဉ်တန်း ကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားမောင်းသမားအပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘာမထီ တော်လှန်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ် ၈ ရက် နံနက် ၁၁ နာရီ ၃၇ မိနစ်အချိန်က မန္တလေးဘက်မှအ ကြမ်းဖက်စစ်သား များ တင်ဆောင်ပြီး မုံရွာမြို့ဘက်သို့ ထွက်လာသော တွဲကား ၇ စီးပါ ယာဉ်တန်းကို ပြည်သူ့ကာကွယ် ရေး ပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တွဲကားဦးခေါင်းပိုင်း ထိခိုက် ပျက်စီးပြီး ထိုးရပ်သွားကာ ကားသမားအပါအဝင် စစ်သား ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

https://youtu.be/gbSZ9BkU9EE

“အသေအပျောက်ကတော့ မသိရသေးဘူးူ။ ကားသမားအပါအဝင် ၅ ဦးဒဏ်ရာရတယ်လို့တော့ သိရ တယ်။ ကားခေါင်းက စုတ်ပြတ်သတ်သွားတာ။ ကားထိုးရပ်သွားပြီး မိနစ် ၂၀ လောက်ကြာတော့ မုံရွာ မြို့ထဲကနေ စခတွေရောက်လာပါတယ်။ ပြီးတော့ သူတို့ကားအချင်းချင်းဆွဲယူသွားပါတယ်” ဟု ဘာ မထီတော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်က ပြောကြားသည်။

 

အဆိုပါ တိုက်ခိက်မှုကို ဘာမထီတော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့အနီးတွင် အင်အား ၁၀၀၀ ခန့်ရှိသော စစ်တပ်စစ်ကြောင်းကို ၁၁ ရက်ကြာ ခုခံတိုက်ခိုက်မှု စစ်သား ၇၀ ထက်မနည်းသေဆုံး (ရုပ်သံ)

မြင်းခြံမြို့အနီးတွင် အင်အား ၁၀၀၀ ခန့်ရှိသော စစ်တပ်စစ်ကြောင်းကို ၁၁ ရက်ကြာ ခုခံတိုက်ခိုက်မှု စစ်သား ၇၀ ထက်မနည်းသေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၂ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့အနီးတွင် အင်အား ၁၀၀၀ ခန့်ရှိသော စစ်တပ်စစ်ကြောင်းကို ခုခံတိုက်ခိုက်ခဲ့ရာ စစ်သား ၇၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Myingyan Black Tiger - MBT တပ်ဖွဲ့ထံမှ သိရသည်။ ဇူလိုင်လ ၃၁ ရက်နေ့က မြင်းခြံမြို့အနီးရှိ...