Monywa News

Monywa News

မုံရွာ -ချောင်းဦးလမ်းပိုင်းတွင် ကြေးနီတင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

 

D Day News

ဇွန်လ ၂၈

 

စစ်ကိုင်းတိုင်း၊ မုံရွာ -ချောင်းဦးလမ်းပိုင်းတနေရတွင် အကြမ်းဖက်စစ်ကောင်စီ၏ ကြေးနီတင်ယာဉ် တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Area 71 PDF တပ်ဖွဲ့ထံ မှ သိရသည်။

 

ယနေ့ ဇွန်လ ၂၈ ရက် ညနေ ၂ နာရီ ၂၅ မိနစ်တွင် နေ့တွင် မုံရွာမြို့ဘက်မှ ကြေးနီတင် တွဲကား အစီး ရေ ၃၀ ထွက်လာသောကြောင်း သတင်းအရ မုံရွာ -ချောင်းဦးလမ်းပိုင်းတနေရာတွင် အသင့်ပြင်ဆင် ထား သော မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ရန် စောင့်ဆိုင်းစဉ် ခရီးသွားပြည်သူများ၏ ကားများဖြင့် ရောထွေးနေသဖြင့် နောက် ဆုံးကားတစ်စီးကို မိုင်းတစ်လုံးဖြင့်‌ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ထို သို့ တိုက်ခိုက်မှု အတွင်း အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“အစီး ၃၀ ကြီးဗျာ၊ တစ်စီးပဲ ရတယ်။ လိုင်းကားတွေ၊ အိမ်စီးကားတွေနဲ့ ရှုတ်နေတော့ ဆွဲမရဘူးဖြစ် နေတာ။ ခရီးသွားပြည်သူတွေကားတွေ လွတ်သွားတဲ့ နောက်ဆုံးကားတစ်စီးပဲ ရှယ်ဆွဲခဲ့နိုင်တာ။ ကင်းပုန်းစခတွေနဲ့ လည်းအပြန်အလှန် ဆော်ခဲ့ကြသေးတယ်။ ၄၀ မမ တွေနဲ့ ထုလို့ ပြန်ဆုတ်လာခဲ့ရ တာ” ဟု Area 71 PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Area 71 PDF တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်အင်အား မလုံ လောက်သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ခဲ့ကြောင်း၊ သေဆုံးသွားသော အကြမ်းဖက်စစ်သား အလောင်းများကို ခင်မွန်ဘက်စုံခြံအတွင်းသို့ သယ်ဆောင်သွားကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပုလောမြို့နယ် ၊ ထမင်းမစားကျေးရွာသို့ ပြန်လည်ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်မှုစစ်သား၊ ပျူ ၁၅ ဦးသေဆုံး

ပုလောမြို့နယ် ၊ ထမင်းမစားကျေးရွာသို့ ပြန်လည်ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်မှုစစ်သား၊ ပျူ ၁၅ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာသို့ ပြန်လည် စစ်ကြောင်းထိုးဝင်ရောက်လာ သော အကြမ်းဖက်စစ်သား၊ ပျူများကို တိုက်ခိုက်ခဲ့ရာ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ စက်တင်ဘာလ ၉ ရက်နေ့က ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာတပ်စခန်းကို ပြန်လည် ထိန်းချုပ် နိုင်ရေး...