Monywa News

Monywa News

မုံရွာမြို့တော်ခန်းမ၊ အမှတ် ၁ ရဲစခန်းနှင့် စက်မှုဇုံ အမှတ် ၂ ရဲစခန်းကို ၄၀ မမ လက်နက်ငယ် များဖြင့်တိုက်ခိုက် (ရုပ်သံ)

 

D Day News

ဇွန်လ ၁၃

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြို့တော်ခန်းမ၊ အမှတ် ၁ ရဲစခန်းနှင့် စက်မှုဇုံအမှတ် ၂ ရဲစခန်းတို့ကို ၄၀ မမ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာ နတ်ဆိုးအဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၁၁ ရက် နံနက် ၄ နာရီ မိနစ် ၄၀ အချိန်က အကြမ်းဖက်စစ်သား လုံခြုံရေး အထူးတင်းကြပ် ထားပြီး မုံရွာမြို့၏ စစ်ကြောရေး ငရဲခန်းဟု‌ ခေါ်သော မြို့တော်ခန်းမအတွင်းသို့ ၄၀ မမ နှစ်လုံး နှင့် မြို့တော်ခန်းမရှေ့ ဘန်ကာအတွင်း ကင်းစောင့်နေသော အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲများ ကို လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

https://youtu.be/aljPy_rSmjs

ထို့အပြင် မုံရွာမြို့ အမှတ် ၁ ရဲစခန်းနှင့် စက်မှုဇုံအမှတ် ၂ ရဲစခန်းတို့ကို ၄၀ မမ နှစ်လုံးစီပစ်ခတ်တိုက် ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားထိခိုက်သေဆုံးမှုတို့ကို စုံစမ်းနေဆဲဖြစ်သည်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၂၂ နတ်ဆိုးတပ်ရင်း၏ အထူးကွန်မန်ဒို ရဲဘော်များမှ ဝင် ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဒေသတွင်းနိုင်ငံများသည် ပြည်သူလူထု၏ မျက်နှာကို မကြည့်ဘဲ စစ်အာဏာရှင်များ၏ မျက်နှာကို ပိုကြည့်နေဟု NUG ယာယီသမ္မတ ပြောဆို (ရုပ်သံ)

ဒေသတွင်းနိုင်ငံများသည် ပြည်သူလူထု၏ မျက်နှာကို မကြည့်ဘဲ စစ်အာဏာရှင်များ၏ မျက်နှာကို ပိုကြည့်နေဟု NUG ယာယီသမ္မတ ပြောဆို (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၇ ဒေသတွင်းနိုင်ငံများသည် ဒုက္ခနှင့် နေ့တိုင်းအချိန်တိုင်း ယှဉ်တွဲဖြတ်သန်းနေရသည့် ပြည်သူလူထု၏ မျက်နှာကို မကြည့်ပဲ စစ်အာဏဦရှင်များ၏ မျက်နှာကို ပိုကြည့်နေကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။ ယနေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သော ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း ၄...