Monywa News

Monywa News

မုံရွာမြို့တောင်ဘက်ရှိ မအူဂိတ်စခန်းနှင့် ညောင်ဖြူပင်ရဲစခန်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

 

D Day News

ဇွန်လ ၆

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တောင်ဘက်ရှိ မအူဂိတ်အထိုင်စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အ ပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့်ကြာပြီး အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မုံရွာ ခရိုင်တပ်ရင်း ၂ တပ်ခွဲ ၃ ထံမှ သိရသည်။

 

ဇွန်လ ၄ ရက် ညပိုင်းက မုံရွာမြို့တောင်ဘက်၊ မအူဂိတ်စခန်း၌ အထိုင်ချတပ်စွဲထားသော အကြမ်း ဖက်စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးကာ စစ်တပ်စခန်းအတွင်းရှိဘန်ကာများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“ထပ်တိုးသေတာလည်းရှိနိုင်တယ်၊ အဲဒီညက ညတွင်းချင်းကားတွေနဲ့လာသယ်ထုတ်သွားတာ၊ မုံရွာမြို့ထဲကို သယ်သွားတာပါ။ တိုက်ပွဲက အတော်ကြာတယ်။ Drone ချတာလည်း ထိချက်က တိကျတယ်။ စစ်ခွေးတွေဘက်ကလည်း လက်နက်ကြီး အရေအတွက်တော်တော်များများကို ပြန်ပစ် တယ်။” ဟု မုံရွာခရိုင်တပ်ရင်း ၂ တပ်ခွဲ ၃ တပ်ခွဲမှူး ကိုဝေလင်းက ပြောကြားသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အနီးအနားကျေးရွာများ အတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း ၂ တပ်ခွဲ ၃ -NPRF ၊ တပ်ခွဲ ၄ ၊ မုံရွာခရိုင် တပ်ရင်း ၂၇ ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ စည်းလုံးညီညွတ်သောပြည်သူ့တပ်မတော်၊ Chindwin land Defence forces ၊ Area 71 ၊ Brave Heart Army ၊ Brother Revolution Force နှင့် Lighting Drone Force တို့မှ မြေပြင် ဝေဟင် ပူးတွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အလားတူ ဇွန်လ ၃ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၃၀ အချိန်ခန့်က မုံရွာမြို့နယ်၊ ညောင်ဖြူပင် ရဲစခန်း ထဲသို့ Fixed Wings Drone များဖြင့် ဗုံးသီးချခြင်း ၊ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ် ခိုက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၂၇ တပ်ရင်း၊ မုံရွာခရိုင်တပ်ရင်း ၂ တပ်ခွဲ ၃ – NPRF ၊ Brother Revolution Force ၊ Area 71 ၊PLA ၊ 5/Fighter ၊ Golden Eagle Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ကျော်သေဆုံးပြီး လက်နက်ခဲ ယမ်း အများ အပြား သိမ်းဆည်းရရှိ

ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ကျော်သေဆုံးပြီး လက်နက်ခဲ ယမ်း အများ အပြား သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ကျော်သေဆုံးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။ စက်တင်ဘာလ ၄ ရက်နေ့က ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၈၀၀ ခန့်...