Monywa News

Monywa News

မုံရွာမြို့နယ်၊ မုံရွာ – ချောင်းဦးလမ်းပေါ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၂ ဦးသေဆုံး

 

D Day News

မေလ ၂၉

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ – ချောင်းဦးလမ်းမကြီးပေါ်တွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်း ၂ တပ်ခွဲ ၃ NPRF ထံမှ သိရသည်။

 

ယနေ့ မေလ ၂၉ ရက် နေ့လည်ပိုင်းက ချောင်းဦးမြို့နယ်၊ ဘက်စုံခြံမှ အကြမ်းဖက်စစ်သားများသည် မုံရွာ -ချောင်းဦးလမ်းမကြီးပေါ်သို့ ကင်းပတ်ရန် ထွက်ခွာလာစဉ် မုံရွာခရိုင် တပ်ရင်း ၂ တပ်ခွဲ ၃ NPRF နှင့် စည်းလုံးညီညွတ်သော ပြည်သူ့တပ်မတော် – UPA တပ်ဖွဲ့ပူးပေါင်းစစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ ဆုံပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ် ကြောင်းမှ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

“ဒီကောင်တွေ အငိုက်မိသွားတာ။ အတော်ခံလိုက်ရတယ်။ လမ်းပေါ်မှာ မျက်မြင် ၃ ယောက်ကျ တယ်။ အလောင်းတွေမကောက်ဘူး။ လက်နက်တွေတော့ကောက်ပြီး ပြန်ဆုတ်ပြေးတာ။ လူထက် လက်နက်ကို ပိုပြီးတန်ဖိုးထားပုံပဲ။ ပြီးတော့ ကယ်လို့ရတယ်၊ မကယ်ကြတာ။ အဲလိုတပ်ထဲမှာ နေ မယ့်အစား ပြည်သူ့ကမ်းလက်ကို လှမ်းစေချင်ပါတယ်။ ဒါကို စကစတပ်သားတွေ သိစေချင်တယ်” ဟု မုံရွာခရိုင် တပ်ရင်း ၂ တပ်ခွဲ ၃ NPRF တပ်ခွဲမှူး ကိုဝေလင်းက ပြောကြားသည်။

 

ထိုသို့ တိုက်ပွဲဖြစ်သည့် နေရာကို ပြည်သူ့ကာကွယ်ရေးတပ်မတော်ပူးပေါင်းစစ်ကြောင်း ရောက်ရှိနေ သည်မှာ တစ်လနီးပါးရှိပြီး တစ်လအတွင်း ကြေးနီးသယ်ဆောင်ရာ လမ်းကြောင်းကို လုံခြုံရေးယူပေး သည့်အကြမ်းဖက်စစ်သားများနှင့် ထိတွေ့တိုက်ပွဲ ၄ ကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်အတွင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း သေဆုံးသူ ၁၄ ဦးအထိရှိလာ၊ မင်းပြား၊ပေါက်တောနှင့် ပုဏ္ဏား ကျွန်းမြို့နယ်တို့ကို စစ်ကောင်စီတပ်ကလေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်

မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်အတွင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း သေဆုံးသူ ၁၄ ဦးအထိရှိလာ၊ မင်းပြား၊ပေါက်တောနှင့် ပုဏ္ဏား ကျွန်းမြို့နယ်တို့ကို စစ်ကောင်စီတပ်ကလေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအတွင်း ပြည်သူ ၂ ဦးထပ်မံသေဆုံးပြီး စုစုပေါင်းသေဆုံးသူ ၁၄ ဦး အထိရှိလာပြီဖြစ် ကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။ ဩဂုတ်လ ၂၅ ရက်...