Monywa News

Monywa News

မုံရွာမြို့နယ်၊ သာစည်အကျဉ်းထောင်နှင့် ရဲကင်းစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်မှု စစ်သား၊ ရဲ ၇ ဦးသေဆုံး

 

D Day News

မေလ ၂၅

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်အကျဉ်းထောင်နှင့် ရဲကင်းစခန်းကို လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ ၇ ဦးသေဆုံးခဲ့ကြောင်း Snipe Rangers Force (Local – PDF) တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ မေလ ၂၄ ရက် နံနက် ၈ နာရီ မိနစ် ၃၀ အချိန်ခန့်က မုံရွှာမြို့နယ်၊ သာစည်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်အတွင်း စစ်ကောင်စီ လက်အောက်ခံ ရဲကင်းနှင့် သာစည် ထောင်အား လက်နက်ကြီး လက်နက်ငယ်များဖြင့် တပြိုင်တည်း ပစ်ခတ် ခိုက်တိုက်ခိုက်ခဲ့ရာ အပြ်အလှန် ပစ်ခတ်တိုက်ပွဲ ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၅ ဦး၊ ရဲ ၂ ဦးသေဆုံးခဲ့ကာ ၁၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

https://youtu.be/7xZDG3DThGo

“ရဲကင်းနဲ့ အကျဉ်းထောင်ကို တပြိုတည်း လက်နက်ကြီးနဲ့ တပြိုင်တည်း ပစ်တာပါ။ လက်နက်ငယ်နဲ့ ကင်းယူရင်း ထိတွေ့မှုဖြစ်တာ။ လက်နက်ကြီးမပစ်ခင် အရင်လက်နက်ငယ်သမားတွေနဲ့ ထိတွေ့ရတ တာပါ။ စကစဘက်က အသင့်စောင့်ပြီး ဆီးကြိုပစ်တာ။အဲဒါကို ခုခံရင်း အပြန်အလှန်ဖြစ်ကြတာ။ ရဲဘာ်တစ်ဦးထိတာက လက်နက်ကြီးပစ်ရင်း ပြောင်းကွဲပြီး ခြေထောက်ကို လာမှန်တာ။ စိုးရိမ်ရ တာမျိုးမရှိပါဘူး” ဟု Snipe Rangers Force (Local – PDF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

 

ထိုသို့ဝင်ရောက်တိုက်ခိုက်ခံရမှုကြောင့် အနီးအနားပတ်ဝန်းကျင်ကို တစ်နာရီးခြား တစ်ကြိမ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ၊ညပိုင်းတွင်လည်းသာစည်ကျေး ရွာအတွင်း ကင်းလှည့်စစ်ဆေးမှုများရှိကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်ခဲ့မူကို Snipe Rangers Force (Local – PDF) ၊ ဒေါင်းပျောက်ကျားတပ် ၊ ဒေါင်းညီ နောင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့နှင့် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)တို့မှ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးပစ်ခတ်ရင်း ပြောင်းကွဲကာ ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

Snipe Rangers Force အနေဖြင့် စစ်ဆင်ရေးများ ဆက်လက်ဖော်ဆောင်ရန် လက်နက်ခဲယမ်းများ လိုအပ်လျက်ရှိပြီး မိဘပြည်သူလူထုအနေဖြင့် ထောက်ပံ့မူများကို များစွာ လိုအပ်လျက်ရှိပြီး မီမီတို့ တပ်ဖွဲ့အား ပစ်မထားဖို့ အထူးပင် မေတ္တာရပ်ခံအပ်ပါသည် ။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆုံရွာစခန်းမှ ငါန်းမြာကြီးရဲကင်းစခန်းဘက်သို့ ထွက်လာ သော အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများကို တိုက်ခိုက်ခဲ့ရာ ၁၄ ဦးသေဆုံးပြီးလက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်းမန္တလေးခရိုင်အမှတ် ၅ တပ်ရင်းထံမှ သိရသည်။ ဩဂုတ်လ ၂၁ ရက်...