Monywa News

Monywa News

မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ကြေးနီသယ်လာသော စစ်ယာဉ်တန်းကိုမိုင်းဆွဲတိုက်ခိုက် (ရုပ်သံ)

 

D Day News

မေလ ၁၄

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာချောင်းဦးလမ်းပိုင်းတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ကြေးနီသယ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဂျန်ပါကားကို ထိထိမိမိ ထိမှန်ခဲ့ကြောင်း BRAVE HEART ARMY-BHA တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ မေလ ၁၃ ရက်နေ့က ဆာလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကုမ္ပဏီအတွင်းမှ ကြေးနီများ သယ်၍ ထွတ်လာသော တွဲကား ၁၂ စီး နှ့င် ယင်းတွဲကားများကို လုံခြုံရေး ယူပေးသော အကြမ်းဖက် စစ်တပ် Jammer ကား ၂ စီးကို နံနက် ၈ နာရီ မိနစ် ၄၀ အချိန်တွင် ပဒေသာမိုင်း ၅ လုံးဖြင့် တစ်ကြိမ်၊ နံနက် ၈ နာရီ ၄၃ မိနစ်တွင် ပဒေသာမိုင်း ၅ လုံးဖြင့် တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

https://youtu.be/SjQlGsFPMWw

ထိုသို့ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို BRAVE HEART ARMY-BHA ရဲဘော်များမှ ဦးဆောင်ပြီး မုံရွာခရိုင် တပ်ရင်း ၁၀ ၊ တပ်ခွဲ ၂ CHINDWIN FIGHTER GROUP-CFG နှင့်  မုံရွာခရိုင်တပ်ရင်း ၂၈ တပ်ခွဲ ၁ တို့ပူးပေါင်း ကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကင်းပုန်းအကြမ်းဖက်စစ်သားများက ပြန်ပစ်ခတ်မှုရှိခဲ့သော်လည်း ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

BRAVE HEART ARMY-BHA အနေဖြင့် လက်နက်ခဲယမ်းဝယ်ယူရန် အခက်အခဲဖြစ်ပေါ်လျက်ရှိပြီး မိဘ ပြည်သူများအနေဖြင့် BRAVE HEART ARMY -BHA PAGE MESSENGER သို့ တိုက်ရိုက် လှူဒါန်း ကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆုံရွာစခန်းမှ ငါန်းမြာကြီးရဲကင်းစခန်းဘက်သို့ ထွက်လာ သော အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများကို တိုက်ခိုက်ခဲ့ရာ ၁၄ ဦးသေဆုံးပြီးလက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်းမန္တလေးခရိုင်အမှတ် ၅ တပ်ရင်းထံမှ သိရသည်။ ဩဂုတ်လ ၂၁ ရက်...