Monywa News

Monywa News

မုံရွာမြို့နယ်၊ ကျောက်ဆစ်ပုံအမြောက်တပ်ကို လက်နက်ကြီးဖြင့် တိုက်ခိုက်မှု စစ်သား ၈ ဦး သေဆုံး

 

D Day News

မေလ ၁၂

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ၊ ကျောက်ဆစ်ပုံအမြောက်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်- ADPRA တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ မေလ ၁၂ ရက် နံနက် ၁ဝ နာရီ မိနစ် ၃၀ ခန့်တွင် မုံရွာမြို့နယ် ကျောက်ဆစ်ပုံ အမြောက်တပ် အထိုင်တပ်ရင်းကို ၆၀မမ ၆ လုံး နှင့် ၁၂၀ မမ ၁ လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သားများနေထိုင်ရာ အဆောင်များအတွင်း ထိမှန်ကျရောက်ပေါက်ကွဲပြီး တပ်သား ၈ ဦး သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“ကျနော်တို့ဘက်က ၆၀ မမ ၆ လုံးရယ်၊ ၁၂၀ မမ တစ်လုံးရယ် ပစ်ပြီးတဲ့အခါမှာ သူတို့ဘက်က အမြောက်တပ်ထဲကနေပြီးတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်သေးတယ်။ ထိရောက် မှုတော့ မရှိဘူး။ သူတို့က ရမ်းသမ်းပစ်တာဆိုတော့။ လက်နက်ကြီးက သူတို့အဆောင်တွေပေါ်ကို ကျတာ။ အဆောင်တွေပေါက်ကို ကျတဲ့အချိန်မှာ ၈ ဦးသေတာ၊ ပြီးတော့ ၈ ဦးအပြင်အခြားဒဏ်ရာ ရတဲ့သူတွေကို အိမ်စီးကားတွေနဲ့ ခေါ်ထုတ်သွားပြီးတော့ မုံရွာဆေးရုံကြီးကို ပို့တယ်ဆိုတာ အတည်ပြုနိုင်တယ်” ဟု အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်- ADPRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို အမေ့သားကျားသုံးဖော်-ယင်းမာပင်ခရိုင်၊ တပ်ရင်းအမှတ် ၃ဝ ၊ တပ်ခွဲ ၄နှင့် မြောက်လွင်ပြင် Local တပ်ပေါင်းစု-ယင်းမာပင်ခရိုင်နှင့် တပ်ရင်းအမှတ်တို့မှ ပူးပေါင်းကာ တိုက်ခိုက် ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အင်းစိန်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲရန် လူစုနေသည့် အုပ်ကြီးဖိုးဇင်နှင့်အဖွဲ့ကို ဗုံးခွဲ တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိနိုင်

အင်းစိန်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲရန် လူစုနေသည့် အုပ်ကြီးဖိုးဇင်နှင့်အဖွဲ့ကို ဗုံးခွဲ တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိနိုင်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲရန် လူစုနေသည့် အုပ်ကြီးဖိုးဇင်နှင့် ဖွဲ့ကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Yangon Army တပ်ဖွဲ့ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၃ ရက် ည ၁၀ နာရီ ၁၄ မိနစ်က...