Monywa News

Monywa News

မုံရွာမြို့နယ်ရှိ ကျေးရွာများကို မီးရှို့၊ ပစ္စည်းခိုးယူခဲ့သော တောပုရွာ ပျူအဖွဲ့ အမျိုးသမီးခေါင်းဆောင်  ၃ ဦးကို ဖမ်းမိ (ရုပ်သံ)

 

D Day News

မေလ ၉

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ ဝင်ရောက်မီးရှို့ကာ ပစ္စည်းများခိုးယူ လု ယက်ခဲ့သည့် တောပုရွာ ပျူစောထီးအဖွဲ့ အမျိုးသမီးခေါင်းဆောင်တစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦး ကို လက်ရဖမ်းဆီးရရှိခဲ့ကြောင်း Area 71 PDF Monywa အဖွဲ့ထံမှ သိရသည်။

 

မေလ ၄ ရက်နေ့က အနောက်မြောက်တိုင်းစစ်ဌာနချုပ်အတွင်းရှိ စစ်ဆေးရုံ၌ မိုင်းထိဒဏ်ရာရရှိသော ပျူစောထီးတစ်ဦး ဒဏ်ရာသက်သာသဖြင့် ဆေးရုံမှ ဆင်းလာချိန် တောပုရွာမှ အမျိုးသမီး ပျူစောထီး ခေါင်းဆောင် ခိုင်ခင်ဦး၊ ပျူစောထီး ချစ်ရဲနိုင်၏ ဇနီး မိသီးနှင့်ပျူစောထီး ဌေးညွန့်၏ဇနီးအေးမြတ်မွန် တို့ ၃ ဦးကို လမ်း၌ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့ကို တရားဥပဒေအရ အပြစ်ပေး အရေးယူ နိုင်ရေးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ – ပလဖ ထံအပ်နှံထားကြောင်း သိရသည်။

https://youtu.be/o37BA2iMttc

“မိုင်းထိတဲ့ကလေး နမခ စစ်ဆေးရုံကနေ ဆင်းလာတဲ့အချိန် ဖမ်းလိုက်တာဗျ။ ၃ ယောက်လုံးတပြိုင် တည်းမိတာ။ အခုလက်ရှိတော့ တရားစီရင်ဖို့ ပလဖ ကိုအပ်ထားတယ်” ဟု Area 71 PDF Monywa အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ ဖမ်းဆီးရရှိသူများအနက် ပျူစောထီးခေါင်းဆောင်အမျိုးသမီး ခိုင်ခင်ဦးသည် ကိုယ်တိုင် နေ အိမ်များကို မီးရှို့ခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသယ်ဆောင်ခြင်းလုပ်ဆောင်ခဲ့ပြီး ကျန် အမျိုး သမီးနှစ်ဦးမှာလည်း ၎င်းတို့၏ ခင်ပွန်းဖြစ်သူများ၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ အသီးသီး ဝန်ခံထွက်ဆိုထားကြောင်း သိရသည်။

 

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်သံ)

မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၄ ၊ အမှတ် ၁၀ တပ်ရင်း - နွားထိုးကြီး...