Monywa News

Monywa News

မုံရွာမြို့နယ်နှင့် ဘုတလင်မြို့နယ်စပ်ကြားရှိ တန်ပိုဂိတ်အနီးတွင် ကင်းပတ်နေသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိ

 

D Day News

မေလ ၁

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နှင့် ဘုတလင်မြို့နယ်စပ်ကြားရှိ တန်ပိုဂိတ်အနီးတွင် ကင်းပတ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဘုတလင်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၃၀ ရက် နေ့က မုံရွာမြို့နယ်နှင့် ဘုတလင်မြို့နယ်စပ်ကြား တန်ပိုဂိတ်အနီး၌ ခြေ လျင် ကင်းပတ်နေသော အကြမ်းဖက်စစ်သားများကို ၈၀ မမ လက်နက်ကြီး ၇ လုံး၊ ၄၀ မမ ဗုံးသီး ၁၀ လုံးတို့ ပစ်ခတ်ပြီး လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်မှုရှိ အော်ဟစ်ငြီးငြူဆဲဆိုသံများကြားရခဲ့ရကြောင်း သိရသည်။

 

“စစ်ခွေး ၂ ကောင် တန်ပိုဂိတ်ထိ မူးပြီးလာတယ်ဆိုလို့ လိုက်တာကနေ ပွဲဖြစ်တာ။ သူတို့က ဂိတ်နား က နဂါးမောက်ထဲနားက ဗြုတ်တောထဲမှာဆိုတော့ ဘယ်နှစ်ယောက်လောက်ရှိတယ်ဆိုတာ အတိ အကျ မသိရဘူး” ဟု  တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြော ကြားသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ပြီး အကြမ်း ဖက်စစ်သားများဘက်ကလည်း RPG လက်နက်ကြီးဖြင့် ၁ လုံးပြန်လည်ပစ်ခတ်သည့်အပြင် စက် လက်များ၊ လက်နက်ငယ်များဖြင့်လည်း ပြန်လည် ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့သည်ဟု ဆိုသည်။

 

အဆိုပါတိုက်ခိုက်မှုကို ဘုတလင်မြို့နယ် ပကဖအဖွဲ့ ၊ကနောင်အဖွဲ့နှင့် ဒေသကာကွယ်ရေးအဖွဲ့ ငယ်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
၂၀၂၅ ခုနှစ် ၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည့်ရင်ခွင်ထံ အလင်းဝင်

၂၀၂၅ ခုနှစ် ၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည့်ရင်ခွင်ထံ အလင်းဝင်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ ၂၀၂၅ ခုနှစ်၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည်သူ့ရင်ခွင်ထံ ချိတ် ဆက်အလင်းဝင်ရောက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လ ကုန်အထိ အမျိုးသားညီညွတ်ရေးအစိုးရ၊...