Monywa News

Monywa News

မုံရွာမြို့နယ်၊တောင်ပလူရွာသို့ ရိက္ခာလာပို့သည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံး၊ လေကြောင်းပစ်ကူကြောင့် လက်နက်မကောက်နိုင်ပဲ ပြန်ဆုတ်ခဲ့ရ (ရုပ်သံ)

 

D Day News

ဧပြီလ ၂၉

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောင်ပလူရွာသို့ ရိက္ခာလာပို့သည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် ခဲ့ရာ အကြမ်းဖက် စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း Mahura People Defence Force -MHRPDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၂၈ ရက်နေ့က အင်အား ၁၅ ဦးခန့်ဖြင့် မုံရွာမြို့နယ် ၊ တောင်ပလူရွာသို့ ရိက္ခာပို့ရန် သယ်ဆောင်လာသည့် အကြမ်းဖက်စစ်သားများကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

https://youtu.be/5ROBR3BmFQA

ထိုသို့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော အကြမ်းဖက်စစ်များ အသုံးပြုသည့် လက်နက်၊ ခဲယမ်း များကို ကောက်ယူရန် လုပ်ဆောင်ခဲ့သော်လည်း မုံရွာမြို့မှ တက်လာသော လေကြောင်း ပစ်ကူ ရောက်ရှိလာသဖြင့် ကောက်ယူနိုင်ခြင်းမရှိပဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁ တပ်ရင်း (BLDF)၊ မုံရွာခရိုင်အမှတ် ၂၅ တပ်ရင်း၊ တပ်ခွဲ ၁၊ တပ် ခွဲ ၂ ၊ တပ်ခွဲ ၄ ၊ တပ်ခွဲ ၅ MHRPDF ၊ ပကဖ နှင့် LPDF တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ထန်းတပင်မြို့နယ်၊ မြို့စိုးရွာထဲတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦးသေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၁၃   ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ မြို့စိုးရွာထဲတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း တောင်ငူခရိုင် အမှတ် ၂ တပ်ရင်းထံမှ သိရသည်။  ...