Monywa News

Monywa News

မိုင်းခွဲဖျက်ဆီးထားသည့် တံတားကို ပြုပြင်ရန်လာရောက်သည့် စစ်သား၊ ပျူများကို တိုက်ခိုက်မှု ၃ ဦး သေဆုံး (ရုပ်သံ)

 

D Day News

ဧပြီလ ၂၇

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာအဝင်လမ်းတံတားကို ပြုပြင်ရန် ထွက်လာသည့် အကြမ်းဖက် စစ်သား၊ ပျူစောထီးများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးခဲ့ကြောင်း Area 71 PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၂၇ ရက် နံနက် ၉ နာရီခန့်က မုံရွာမြို့နယ်၊ တောပုရွာမှ အကြမ်းဖက်စစ်သား၊ ပျူစော ထီးများသည် ၎င်းတို့ထောက်ပို့လမ်းကြောင်းဖြစ်သော ရွာအဝင်လမ်းကို PDF တပ်ဖွဲ့မှ မိုင်းခွဲ ဖျက်ဆီး ထားသဖြင့် ပြုပြင်ရန် ခရီးသွားပြည်သူများ၊ ၎င်းတို့နှင့်နီးစပ်သော ကျေးရွာမှ ပြည်သူများကို ဓားစာခံ လူသားဒိုင်းအသုံးပြုကာ အင်းအား ၃၀ ဝန်းကျင်ဖြင့် ထွက်လာစဉ် ကြေးမုံရွာသို့ အရောက် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

https://youtu.be/NFz2T8GsgQI

“ဟိုရက်ပိုင်းလောက် ကျနော်တို့မိုင်းခွဲ ဖျက်ဆီးထားတဲ့ တံတားကို ပြုပြင်ဖို့ ခြေလျင်ထွက်လာတာ၊ ဓားစာခံ ပြည်သူ တွေကတော့ ၁၅ ယောက် အယောက် ၂၀ လောက်တော့ပါမယ်။ တိုက်ပွဲဖြစ်ပြီး တော့ ပြန်ဆုတ်ပြေး သွားတာ၊ တံတားလဲ မလုပ်ဖြစ်လိုက်ဘူး” ဟု Area 71 PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား၊ ပျူစောထီး ၃ ဦး သေဆုံးကာ တံတားပြုပြင်နိုင်ခြင်း မရှိပဲ ပြန်ဆုတ်ပြေးသွားကြောင်း၊ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ အသုံးပြုသည့် ကာဘိုင် ကျည် ၈၆ တောင့် သိမ်းဆည်းရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာမြို့နယ်၊တိုက်နယ် ၁ ပ.က.ဖ မှဦးဆောင်၍ မုံရွာမြို့နယ်၊တိုက်နယ် ၁ ပ.လ.ဖ ၊ မုံရွာမြို့နယ်၊ တိုက်နယ် ၄ တပ်ရင်း ၂၂ ၊ မုံရွာမြို့နယ်၊ အမှတ် ၂၄ တပ်ရင်း၊ Area71 peoples defense force ၊ Monywa Special ဒိတ်ဒိတ်ကြဲ ၊ Special Force11 အညာ Defences Force တို့ပူးပေါင်းကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်သား၊ ပျူများ လာရောက်ပြုပြင်သည့် တံတားသည် အနောက်မြောက်တိုင်း စစ်ဌာန ချုပ် (နမခ) ဌာနချုပ်မှ တောပုရွာသို့ စစ်လက်နက်၊ ရိက္ခာပို့ဆောင်ရာ အဓိက အသုံးပြုသည့် လမ်း ကြောင်းဖြစ်သဖြင့် ပြီးခဲ့သည့် ဧပြီလ ၁၅ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်က မိုင်းဆွဲဖျက်ဆီး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်သံ)

မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၄ ၊ အမှတ် ၁၀ တပ်ရင်း - နွားထိုးကြီး...