Monywa News

Monywa News

အနောက်မြောက်တိုင်းစစ်ဌာနချုပ်- နမခတပ်အတွင်းသို့ ရှော့တိုက်ဒုံး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်မှု  အရာရှိကြီး ၂ ဦးအပါအဝင် အမြောက်အများသေဆုံး

 

D Day News

ဧပြီလ ၂၆

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ တပ်ရင်းအတွင်းသို့ ရှော့ တိုက်ဒုံး၊ ဒရုန်းတို့ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ အရာရှိကြီး ၂ ဦးအပါအဝင် အ မြောက်အများသေဆုံးခဲ့ကြောင်း ကျောက်လုံးကြီး KLG PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၂၄ ရက် ည ၇ နာရီအချိန်ခန့်က မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ အတွင်းသို့ ရော့ကတ် အလုံး ၂၀ ၊ ဒရုန်း ၅ စီးဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုင်းစစ်ဌာနချုပ်

အတွင်းရှိ ဇေယျာသီရိခန်းမ၌ အကြမ်းဖက်စစ်တပ်မှ အရာရှိကြီးများ အစည်းအဝေးပြုလုပ် နေစဥ် ရှော့တိုက် ရော့ကတ် ထိမှန်ခဲ့ရာ တိုင်းအဆင့်အရာရှိကြီး ၂ ဦးအပါအဝင် အများအပြား သေဆုံးခဲ့ ကြောင်း သိရသည်။

ထို့အပြင် ဗဟိုကင်းကိုလည်း ရှော့တိုက်ရော့ကတ်ထိမှန်ခဲ့ပြီး ထပ်ဆင့်ပေါက်ကွဲကာ ဗိုလ်မှူးတစ်ဦး အပါအဝင် တပ်စိပ် ၁ စိပ် အားလုံးသေဆုံးပြီး ကတ္တရာလမ်းပေါ်တွင် အသားစများကို ဂေါပြားဖြင့် ကျုံးယူရသည်အထိ ပျံကျဲကာ သေဆုံးသွားခြင်းဖြစ်ကြောင်း၊ တိုင်းရုံးကို ကင်းစောင့်ပေးနေသည့် ရဲ ၄ ဦး သည်လည်း ကတုတ်ကျင်းအတွင်း သေဆုံးသွားကြောင်း သိရသည်။

 

အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး သန်းထိုက်နေထိုင်ရာ အိမ်ယာဝန်းအတွင်းသို့ လည်း ရော့ကတ်များ၊ ဒရုန်းဗုံးသီးများ ကျရောက်ပေါက်ကွဲမှုရှိခဲ့ပြီး ထိခိုက်သေဆုံးမှုများလည်းရှိကြောင်း၊

စစ်မြေပြင် ဆေးတပ်ရင်း – ဆမရ ၇ အရာရှိရိပ်သာ ထိမှန်ပေါက်ကွဲမှုတွင်လည်း အကြမ်းဖက်စစ်သား များ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

 

တိုင်းစစ်ဌာနချုပ်အတွင်းရှိ တပ်ဆေးရုံ တဆခွဲ /၃၀၀ အရာရှိရိပ်သာ၊ ထောက်ပံ့ပို့ဆောင်ရေးတပ် ၉၂၉ ရိက္ခာသိုလှောင်ရုံ၊ စရဖ(နခ) ရုံးအဆောက်အအုံနှင့် BE မိုင်းတပ်ဖွဲ့ရိပ်သာဆောင်တို့ကိုလည်း ထိမှန်ခဲ့ကာ အကြမ်းဖက်စစ်သားအများအပြား သေဆုံးထိခိုက်ဒဏ်ရာရရှိမှုများရှိပြီး သံပြားကာ ကား များဖြင့် ဆေးရုံသို့ အသီးသီးသယ်ပို့ခဲ့ရကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်အတွင်းနှင့် အမတ ၅၀၈ တပ်ရင်းမှ ဟောင်ဝှစ်ဇာ အမြောက်ကြီးများဖြင့် ဘေးပတ်ဝန်းကျင်ရှိ ပြည်သူများနေထိုင်ရာ ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ခဲ့သည့်အပြင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး သန်းထိုက်မှ အရေးပေါ် လေကြောင်းအကူခေါ်ခဲ့သဖြင့် ည ၉ နာရီအချိန်တွင် တံတားဦးလေတပ်စခန်း မှ Yak-130 Light Attack Fighter Jet ၁ စီးတက်လာကာ နမခ တပ်နယ်နှင့် မုံရွာယာယီလေတပ်ဆွယ်ဝန်းကျင်သို့ ၈ ကြိမ် လှည့်ပတ်ပျံသန်းပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂ ၊ ၂၃ KLG PDF – ကျောက်လုံးကြီး တပ်ဖွဲနှင့် အတူ Chindwin Rocket Brothers -(C.R.B) Dragon Brothers Task Force-DBTF၊ Advance- 47၊ Chindwin Brothers ၊  ချိုမိုင်မိုင် ကနီ၊ချိုမိုင်မိုင် ယင်းမာပင်၊မုံရွာခရိုင် ရင်း ၁၃ စသည့်မဟာမိတ် အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း လေကြောင်းရန် ကာ ကွယ်နိုင်ရေးအတွက်  Nationawide Air Scout-NAS –  လေကြောင်းကင်းထောက်အဖွဲ့က ကူညီ ပေးခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ အောင်သပြေကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ ကြောင်း မွန်ပြည်တော်လှန်ရေးတပ် -MSRF ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၀...