Monywa News

Monywa News

မြင်းမူမြို့နယ်၊ ရေပိုးစာကန်ဘေး၌ ဆက်ကြေးကောက်နေသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

 

D Day News

ဧပြီလ ၂

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ရေပိုးစာကန်ဘေး၌ ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်သား များကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၁ ရက် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်တွင် မြင်းမူမြို့နယ်၊ ဂွေးပင်တော ဘုန်းကြီးကျောင်း မှ ထွက်လာပြီး ရေပိုးစားကန်ဘေး၌ လမ်းသွားလမ်းလာ ပြည်သူ့ကားများကို တားဆီးကာ ဆက် ကြေးကောက်နေသည့် အကြမ်းဖက်စစ်သားများကို ၆၀ မမ ရှော့တိုက်ဒုံး၊ လက်နက်ငယ်များဖြင့် ဝိုင်း ဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

 

“ညနေပိုင်းရောက်တော့ ဂွေးပင်တောဘုန်းကြီးကျောင်းထဲ ပြန်ဝင်သွားတယ်၊ ညနေစောင်းတော့ ဂွေး ပင်တောကနေ မြောက်ဘက်ကို ကားနဲ့ရောက်လာပြီး လူမှုကူညီရေးအသင်းကားလာရှာတယ်လို့ ကြားတယ်၊ စစ်ခွေးထပ်တိုးသေတာရှိနိုင်တယ်ဗျ။ ကျနော်တို့ဘက်က ခဏပဲ ပစ်ပြီးပြန်ဆုတ်လာခဲ့ တာ၊ ဆုတ်ခွာလာတဲ့ လမ်းဘက်အထိ လိုက်ပစ်သေးတယ်” ဟု People’s Defence Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထို့သို့တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပစ်ခတ်သည့် ၆၀ မမ ရှော့တိုက်ဒုံးကျည် တစ်လုံးသည် ရေးပိုးစာဘုန်းကြီးဘေးရှိ သစ်ပင်ကို ထိမှန်ပေါက်ကွဲခဲ့ပြီး ကျောင်းဆောင်အချို့ ထိ ခိုက် ပျက်စီးခဲ့ခြင်းနှင့် ထိန့်လန့်မှုဖြစ်ခဲ့ရသော လမ်းသွားလမ်းလာပြည်သူများကို အနူးအညွတ် တောင်းပန်ပါကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းဖြစ်သော People’s Defence Force – South Monywa တပ်ခွဲ ၁ ၊ နွေဦးလူငယ်People’s Defence Force၊ ဒေါင်းဘုရင် MMU ၊ မြင်းမူမြို့နယ် ပကဖ နှင့် တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလက်တွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မင်းဘူးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ စစ်တပ်က အိုးပြင်မဲ ရွာက နေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီး

မင်းဘူးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ စစ်တပ်က အိုးပြင်မဲ ရွာက နေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၈ မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ အိုင်းမကျေးရွာနှင့်အိုးပြင်မဲကျေးရွာကြားတွင်အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။ ယမန်‌နေ့ ဩဂုတ် ၁၇ ရက် ညနေ ၂ နာရီ ၃၀ မိနစ်က မင်းဘူးမြို့နယ်၊ ဇီးအိုင်ကျေးရွာဘက်မှ...