Monywa News

Monywa News

မုံရွာမြို့နယ်၊ သာစည်ရဲစခန်းကို ၄၀ မမဖြင့် တိုက်ခိုက်မှု ရဲစခန်းအတွင်းရှိ အဆောင်များကို တိုက် ရိုက် ထိမှန်ပေါက်ကွဲ

 

D Day News

ဧပြီလ ၂၄

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်ရဲစခန်းကို ၄၀ မမ ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်းရှိ အဆောင်များကို တိုက်ရိုက်ထိမှန်ပေါက်ကွဲခဲ့ကြောင်း အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် -ADPRA တပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၂၂ ရက် ည ၇ နာရီ မိနစ် ၃၀ အချိန်ခန့်က မုံရွာမြို့နယ်၊ သာစည်ရဲစခန်းကို ၄၀ မမ ဗုံးသီး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်းရှိ အဆောင်များကို တိုက်ရိုက်ထိမှန်ခဲ့ပြီး စစ်ကောင်စီ တပ်သားထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း၊ အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် ပြန်လည် ပတ်ခတ်တိုက်ခိုက်မှုရှိခဲ့ကြောင်း သိရသည်။

 

“၄၀ အဖူးက သူတို့အဆောက်အအုံပေါ်ကို ကျတယ်။ အဲဒီအချိန်မှာ ဂန်းငယ်တွေနဲ့ တရစပ်ပြန်ပစ် တယ်။ ကျနော်တို့ကလည်းမီတာ ၃၀၀ လောက်အထိကပ်ပစ်ခဲ့တာကိုး။ ကျနော်တို့က ၄၀ မမပဲ ပစ်ခဲ့ တာ၊ လက်နက်ငယ်နဲ့ ပြန်မပစ်ခဲ့ဘူး၊ ဘာလို့ဆိုရင် ထိရောက်မှုလည်း မရှိနိုင်လို့ပေါ့၊ ကျည်လည်း မဖြုန်းချင်တော့တာနဲ့။ ပြန်ဆုတ်လာခဲ့တာ” ဟု အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် -ADPRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်-ADPRA နှင့် မဟာမိတ်များ ဖြစ်ကြသော ရေဦး ပ.က.ဖ ဖီးနစ်တပ်ခွဲ နှင့် ရေဦး ပ.က.ဖ Galaxy Force တို့ ပူးပေါင်း ဖော်ဆောင်ခဲ့ ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ ထံမှ သိရသည်။...