Monywa News

မုံရွာမြို့မှ ထွက်လာသော သံပြားကာ ကားကို မိုင်းဆွဲတိုက်ခိုက်မှု ကားပျက်စီးပြီး ကားပေါ်ပါ စစ်သား ၅ ဦးအထက်သေဆုံး

 

D Day News

ဧပြီလ ၂၃

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင်အကြမ်းဖက်စစ်ကားတစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကားပျက်စီးသွားပြီး ကားပေါ်ပါ စစ်သား ၅ ဦးအထက်သေဆုံးနိုင်ကြောင်း Area 71 PDF Monywa တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၂၂ ရက် ည ၉ နာရီ ၃၆ မိနစ်အချိန်က မုံရွာမြို့မှ ချောင်းဦးမြို့သို့ ထွက်ခွာလာသော သံပြားကာ စစ်ကားတစ်စီးကို မိုင်းပွိုင့် ၂ ပွိုင့်ဖြင့် အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ပထမမိုင်းပွိုင့်မှာ ထိခိုက်မှုမရှိပဲ လွဲချော်သွားခဲ့ပြီး ဒုတိယမိုင်းပွိုင့်အရောက် ထပ်မံတိုက်ခိုက်ခဲ့ရာ ချိန်သားကိုက် ထိထိ မိမိ ဖောက်ခွဲနိုင်ခဲ့ကြောင်း သိရသည်။

 

ထိုသို့မိုင်းကွဲထိမှန်မှုကြောင့် ကားမှာ နေရာမှာပင် ပျက်စီးသွားပြီး ကားပေါ်ပါ စစ်သား ၅ ဦးထက် မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ကားပေါ်ပါ စစ်သားအချို့က ၄၀ မမ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ကာ မုံရွေးကြေးမုံရွာအတွင်းဝင် ရောက်ပြီး ဆဲဆိုကာ အချိန်အတော်ကြာသည်အထိ ရမ်းသမ်းပစ်ခတ်နေခဲ့ကြောင်း သိရသည်။

 

ထို့အပြင် မုံရွေးကြေးမုံရွာအနီးရှိ တောပုရွာနှင့် ခင်မွန်ဘက်စုံခြံအတွင်းရှိ အကြမ်းဖက်စစ်သားများက မိုင်းဆွဲခံရသည့်နေရာအနီးတဝိုက်သို့ ၆၀ မမ လက်နက်ကြီးဖြင့် ၃ ချက်ပစ်ခတ်ခဲ့ရာ ဒေသနေ ပြည် သူ ၃ ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့ကာ တစ်ဦးမှာ စိုးရိမ်ရသည့် အနေအထားရရှိခဲ့ကြောင်း သိရသည်။

 

“ကားပေါ်ပါတဲ့ စခတွေက များတယ်။ ကားကစုတ်ပြတ်သွားတာ၊ စခသေတာကတော့ အနည်းဆုံး ၅ ဦးအထက်ပဲ။ အတိအကျသိရဖို့တော့ ထပ်စုံစမ်းနေတုန်းပါ။ ကားပေါ်ကလည်း ဆင်းပစ်တယ်။ အနီး အ နားက စခတွေကိုလည်း အကူခေါ်တယ်။ အဲဒီအချိန်မှာ ကျနော်တို့ရဲဘော် တွေပိတ်မိသွားသေး တာ။ ပြည်သူတွေကူညီလမ်းပြပေးလို့ ဖောက်ထွက်နိုင်ခဲ့ပါတယ်။ ကားကိုတော့ စွမ် ရည်ထက်မှာ တပ်စွဲထားတဲ့စခတွေက အခြားကားတစ်စီးနဲ့လာဆွဲသွားတယ်။ လာဆွဲပြီးမှပဲ ဆဲဆိုသံနဲ့ ပစ်ခတ် သံတွေရပ်သွားတော့တာ” ဟု Area 71 PDF Monywa တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။

 

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို Area 71 PDF Monywa နှင့် ANYAR DEFENCE FORCE (ADF) မုံရွာ ခရိုင်တပ်ရင်း ၈ PDF အဖွဲ့တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင် များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ ထံမှ သိရသည်။...