Monywa News

Monywa News

မုံရွာမြို့၊ ကန်သာယာရေကစား မဏ္ဍပ်ရှိ အကြမ်းဖက်စစ်အုပ်စုကို အသေခံ ဒရုန်း ၁ စီးဖြင့် ဗုံးကြဲ တိုက်ခိုက်

 

D Day News

ဧပြီလ ၁၅

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ကန်သာယာရေကစား မဏ္ဍပ်ရှိ အကြမ်းဖက်စစ်အုပ်စုကို အသေခံ ဒရုန်း ၁ စီး ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန်လေကြောင်းတမန်လေကြောင်းစစ်ဆင်ရေးအဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၁၅ ရက် (သင်္ကြန်အကြပ်နေ့) နံနက် ၉ နာရီခွဲခန့်က မုံရွာမြို့၊ ကန်သာယာရေကစား မဏ္ဍပ်ရှိ အကြမ်းဖက်စစ်အုပ်စုကို Shar Htoo WAW နည်းပညာတပ်ဖွဲ့၏ ပူးပေါင်းတပ်ဖွဲ့များမှဒေါင်း တမန် လေကြောင်းစစ်ဆင်ရေးအဖြစ် အသေခံ ဒရုန်းဖြင့် တစ်စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

 

ထိုသို့ ဗုံးကြဲတိုက်ခိုက်ကြောင့် ရေကစား မဏ္ဍပ်နောက်ကျောရှိ အာဏာသိမ်းစစ်အုပ်စုရှိရာ နေရာကို ကျရောက် ပေါက်ကွဲခဲ့ပြီး အသံကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ကြောင်း၊ ယင်းမဏ္ဍပ်ကို အ ကြမ်းဖက်စစ်အုပ်စုက Jammer များဖြင့် အခိုင်အမာ အထိုင်ချတပ်စွဲထားသော်လည်း အသေခံ Fixed Wing Drone ဖြင့် တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team – 3 PDAF ၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team – 4 SSTF ၊ Eagle Wing Drone Force ၊ ဗေဒါပျံ (Drone Team) ဧရာဝတီ တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Union Brothers-UB (ပြည်သူ့အကျိုးဆောင်အဖွဲ့၊ “ငါတို့” ထောက်ပို့ အဖွဲ့၊ ဒေသကာကွယ်ရေး ပကဖအဖွဲ့များနှင့်ဆားလင်းကြီး ပလဖ တပ်ရင်း၊ တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးသည် ရရှိသည့် ပစ္စည်းများနှင့် ပူးပေါင်းကာ ရနိုင်သမျှ နည်းလမ်း ပေါင်းစုံဖြင့် အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို အစွမ်းကုန်တွန်းလှန် တိုက်ခိုက်နေခြင်းဖြစ်ပြီး မိဘ ပြည်သူများ အနေဖြင့် ပိုမိုပူးပေါင်းပါ၀င်ပေးကြပါရန်၊ Drone အစီးရေများများဖြင့် စွမ်းအားပြင်း ယမ်း များကို အသုံးပြုလျက် ယခုထက်ပိုမိုထိရောက် အောင်မြင်အောင်တော်လှန်နိုင်ရေးအတွက် ပူးပေါင်း ပါဝင် ပေးကြပါရန် အထူးမေတ္တာရပ်ခံထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

စလင်းမြို့မရဲစခန်း၊ စုပေါင်းရုံးနှင့် လင်းဇင်ရဲစခန်းတို့ကို တိုက်ခိုက်မှု အဆောက်အအုံများထိခိုက် ပျက်စီး   သံလွင်မြန်မာသတင်း မေလ ၂၄   မကွေးတိုင်း၊ စလင်းမြို့နယ်၊ စလင်းမြို့မရဲစခန်း၊ စုပေါင်းရုံးနှင့် လင်းဇင်ရဲစခန်းတို့ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အဆောက်အအုံများထိခိုက်ပျက်စီးခဲ့ကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။   ယနေ့ မေလ...