Monywa News

Monywa News

မုံရွာမြို့တော်ခန်းမကို လုံခြုံရေးယူပေးသည့် စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက် (ရုပ်သံ)

 

D Day News

ဧပြီလ ၁၃

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တော်ခန်းမကိုလုံခြုံရေးယူပေးနေသည့် အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၄ တပ်ရင်း – Chindwin Attack Force ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၁၃ ရက် နံနက် ၈ နာရီ ၄၅ မိနစ်အချိန်မှ စတင်ပြီး မုံရွာမြို့၊ မြို့တော်ခန်းမကို တပ်စွဲ ထားသော အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို Fixed Wing Drone များဖြင့် ဗုံးသီး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး လူနာတင်ကား ၂ စီးဖြင့် လာရောက် သယ်ဆောင်သွားကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း ဒရုန်း ၄ စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

https://youtu.be/Kh-YCzsvtvE

“မြို့တော်ခန်းမကို ကျဲချတာမဟုတ်ပါဘူး။ အထိုင်စခန်းက အမှတ် ၁ ရဲစခန်းနဲ့ကပ်လျက်မှာရှိတာ၊ စစ်ရေးအဓိက နေရာနဲ့ စစ်ခွေးကား အဓိကနေရာတွေကို ကျဲချခဲ့တာ။ မြို့တော်ခန်းမကို လုံခြုံရေး ယူပေးနေတဲ့ အထိုင်စခန်းပါ” ဟု မုံရွာခရိုင်အမှတ် ၄ တပ်ရင်း – Chindwin Attack Force မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော်(Chindwin Attack Force) တပ် ရင်း ၄ ၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်း ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၄ တပ်ခွဲ (၂) 5/ Commando Force ၊ Special Guerillary Force Monywa၊ မုံရွာခရိုင်တပ်ရင်း ၁၂ တပ်ခွဲ ၄ မီးတောက်တပ်ခွဲ ၊ မုံရွာခရိုင်တပ်ရင်း ၂၃ တပ်ခွဲ ၅ Midlane New Generation Defence Force ၊ Monywa Brave Hearts (LPDF) ၊ Sun King Envoy Monywa(LPDF) ၊ Chindwin Fighter Group ၊ Chindwin Defense Force (CDF) ၊ Salingyi Revolution Army – SRA နှင့် Fight For Freedom (F3) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်​ကောင်စီ၏ ရွေးကောက်ပွဲ ထောင်ချောက်ကို စုစည်းညီညွတ်စွာဖြင့် ကျော်လွှားကြရန် NUG တိုက်တွန်း (ရုပ်သံ)

စစ်​ကောင်စီ၏ ရွေးကောက်ပွဲ ထောင်ချောက်ကို စုစည်းညီညွတ်စွာဖြင့် ကျော်လွှားကြရန် NUG တိုက်တွန်း (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၀ အကြမ်းဖက်စစ်ကောင်စီ ရွေးကောက်ပွဲထောင်ချောက်ကို တော်လှန်ရေးအင်အားစုများအနေဖြင့် စုစည်းညီညွတ်စွာ လက်တွဲပြီး ကျော်ကြားပါရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စု ဝန် ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားသည်။ ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့တွင် ပုံမှန်ပြုလုပ်နေကြဖြစ်သည့် ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းပြောကြားခြင်းအစီ အစဉ်တွင်...