Monywa News

Monywa News

မုံရွာ – ချောင်းဦးလမ်းပေါ်တွင် မိုင်းရှင်းထွက်လာသော စစ်သားများ မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံး (ရုပ်သံ)

 

D Day News

မတ်လ ၂၆

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ် စွမ်းရည်ထက်ဆီဆိုင်ဂိတ်မှ မိုင်းရှင်းရန် ထွက် လာသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့ထံမှ သိရသည်။

 

မတ်လ ၂၃ ရက် ညနေ ၃ နာရီ ၃၄ မိနစ်က မုံရွာမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်ရှိ စွမ်းရည်ထက် ဆီဆိုင်ဂိတ်မှ အိမ်စီးကားတစ်စီး၊ ခြေလျင်စစ်ကြောင်းတို့ဖြင့် မိုင်းရှင်းရန် ထွက်ခွာလာသော စစ်သား များကို ညနေ ၅ နာရီ မိနစ် ၃၀ အချိန် မုံရွာ -ချောင်းဦးလမ်းပေါ်ရှိ မိုင်းကွင်းအတွင်းအရောက် ပဒေ သာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိ သူများလည်းရှိကြောင်း သိရသည်။

 

“၃ ကောင်သေတယ်လို့ သတင်းရတယ်၊ ဒဏ်ရာရတာတွေလည်း ရှိတယ်ဗျ၊ အရင်လိုတော့ စုံစမ်းရ တာတော့ သိပ်မလွယ်တော့ဘူး၊ သတင်းရတဲ့ဟာကတော့ အတိအကျ ရတာပါ” ဟု People’s Defence Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

https://youtu.be/0Y6ilJIIV8Q

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းဖြစ်သောPeople’s Defence Force – South Monywa တပ်ခွဲ ၃ ၊ တပ်စု ၂ Youth Vigor Revolution Force မှ ဦးဆောင်ပြီး မုံရွာခရိုင် တပ်ရင်း ၁၁ ၊ တပ်ခွဲ ၂ Black Hunter People’s Task Force နှင့် People’s Defense Force -Aerial Hunter တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများက လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရွှေဘိုမြို့နယ်၊ တဂဏန်းရွာတိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံး၊ တပ်ကြပ်တစ်ဦးအပါအဝင် ၄ ဦး အရှင်မိ (ရုပ်သံ)

ရွှေဘိုမြို့နယ်၊ တဂဏန်းရွာတိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံး၊ တပ်ကြပ်တစ်ဦးအပါအဝင် ၄ ဦး အရှင်မိ (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တဂဏန်းရွာတိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံးပြီး တပ်ကြပ်တစ်ဦး အပါအဝင် ၇ ဦး အရှင်ဖမ်းမိခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းထံမှ သိရသည်။ အောက်တိုဘာလ ၂ ရက် နံနက် ၃ နာရီ ၃၀...