ရေးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်တပ်စ်ကြောင်းကို ၃ ရက် ဆက်တိုက် တိုက်ခိုက်ချေမှုန်းခဲ့ရာ ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၁၂ ဦးသေဆုံး

ရေးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်တပ်စ်ကြောင်းကို ၃ ရက် ဆက်တိုက် တိုက်ခိုက်ချေမှုန်းခဲ့ရာ ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၁၂ ဦးသေဆုံး

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁၅

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင်အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၃ ရက်ဆက်တိုက် တိုက်ခိုက်ချေ မှုန်းခဲ့ရာ စစ်ကောင်စီတပ်သား ဗိုလ်ကြီး ၁ ဦးအပါအဝင် ၁၂ ဦးသေဆုံးခဲ့ကြောင်း မွန်ပြည်ဖက်ဒရယ် ကောင်စီ (MSFC) က ထုတ်ပြန်သည်။

အောက်တိုဘာလ ၁၀ ရက်နံနက် ၇ နာရီခန့်က ရေးမြို့နယ် ကနင်က‌မော့ရွာ အနီး စစ်ကြောင်းထိုး လာသော စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပျောက်ကြားစစ်ဆင်ရေး ဖော်‌ဆောင်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး ၁ ဦးနှင့် တပ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင်လည်း အောင်သာယာရွာ နှင့် လိမ္မော် ခြံရွာ ကားလမ်းအနီးအရောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ထပ်မံတိုက်ခိုက်ခဲ့ရာ အပြန်အ လှန်ပစ်ခတ်တိုက်ပွဲ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်သား ၁ ဦး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ထို့အပြင် အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင်ရေးမြို့နယ်၊ အောင်သပြေ ဘုန်းကြီး ကျောင်းအနီးသို့ ရောက်ရှိနေသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့ပြီးနောက် ၄၀ မမ ဗုံးသီး ၂ လုံးဖြင့်လည်း ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ် သား ၁ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်တွင်လည်း ရေးမြို့နယ်၊ ဘေလမိုင်း‌ကျေးရွာ မှ အေးကမ္ဘာ‌ကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသော စစ်တပ်စစ်ကြောင်းကို တော်လှန်ရေး ပူး ပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ တပ်သား ဗိုလ်ကြီး ၁ ဦးအပါအဝင် ၈ ဦးသေဆုံးကာ ၅ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မွ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန လက် အောက်ခံ တပ်များဖြစ်သည့် န်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ ရာမည မွန်တပ်‌တော် (RMA)၊ KNLA တပ်ရင်း ၂၇ တပ်ခွဲ ၁ ၊ ဗျူဟာ ၃၃ ဒေါနချေမှုန်းရေးတပ်ခွဲ၊ နှင့် တပင် ရွှေထီး တပ်တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာ၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံး

တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာ၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၅ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာ၌ တပ်စွဲထားသော စစ်သားများ ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းက ထုတ် ပြန်သည်။ အောက်တိုဘာလ ၁၃ ရက်နေ့က တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာ...