စစ်ကျွန်သက်ဆိုးရှည်စေမည့် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကို ဝိုင်းဝန်းဆန့်ကျင်ကြ ရန် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် NMSP-AD/ RMA ထုတ် ပြန်

စစ်ကျွန်သက်ဆိုးရှည်စေမည့် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကို ဝိုင်းဝန်းဆန့်ကျင်ကြ ရန် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် NMSP-AD/ RMA ထုတ် ပြန်

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၆

စစ်ကျွန်သက်ဆိုးရှည်စေမည့် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကို ဝိုင်းဝန်းဆန့်ကျင်ကြ ရန် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် NMSP-AD/ RMA က ယနေ့ စက်တင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းထားသည့် စစ်တပ်သည် ၂၀၂၅ ခု ဇူလိုင်လ (၃၁) ရက်နေ့တွင် နိုင်ငံ တော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် (စစ်ကော်မရှင်) အဖြစ် ပြန်လည်ဖွဲ့စည်းကာ ၂၀၂၅ ခု ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟု ကြေငြာထားကြောင်း သိရသည်။

ထိုသို့ စစ်ကော်မရှၚ်မှပြုလုပ်သွားမည့် ရွေးကောက်ပွဲသည် ၎င်းတို့ကြုံတွေ့နေရသော နိုင်ငံရေး၊ စစ် ရေး အကြပ်အတည်းပေါင်းစုံကို ကျော်လွှားသွားနိုင်ရန်နှင့် နိုင်ငံတကာ အသိအမှတ်ပြုရေး ရရှိစေရန် လုပ် ဆောင်သည့် အတုအယောင်ရွေးကောက်ပွဲတစ်ခု ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်အသက်သွင်းရန်နှၚ့် စစ်အာဏာရှၚ် စနစ် တရားဝၚ်ဖြစ်စေရန်၊ စစ်ကျွန်သက်ဆိုး ရှည်စေ ရေးအတွက်သာ ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတွင်းပဋိပက္ခကို ပိုမို ပြင်းထန်လာစေမည် ဖြစ်ကြောင်း အသိပေးထားသည်။

၎င်းရွေးကောက်ပွဲတွၚ် ပါဝၚ်ယှဥ်ပြိုၚ်သည့် နိုၚ်ငံရေးပါတီများနှင့် လူပုဂ္ဂိုလ်များသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်အသက်သွင်းပြီး စစ်အာဏာရှၚ်ကို သက်ဆိုးရှည်ရန် ပြုလုပ်သည့်အဖွဲ့ အ စည်း/ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) /ရာမည မွန်တပ်တော် NMSP-AD/ RMA က ပြောဆိုထားသည်။

NMSP-AD/RMA အနေဖြင့် စစ်ကော်မရှင်၏အတုအယောင်ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံဖြင့် ဆန့် ကျၚ်တိုက်ဖျက်သွားမည်ဖြစ်ပြီး မိမိထိန်းချုပ်ဒေသနှင့် လှုပ်ရှားဒေသများတွင် ရွေးကောက်ပွဲပြုလုပ် ခြင်းကို လုံးဝလက် မခံကြောင်း ဆက်လက်ထုတ်ဖော်ပြောကြားသည်။

မွန်ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်လည်း စစ်ကျွန်သက်ဆိုးရှည်မည့် စစ်ကော်မရှင်၏ အတုအ ယောင်ရွေးကောက်ပွဲတွင် ပါဝင်ခြင်းမပြုဘဲ ၎င်းရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်ကြ ရန်နှင့် မွန်နိုၚ်ငံရေးပါတီများလည်း ၎င်းအတုအယောၚ်ရွေးကောက်ပွဲအပေါ် မျှော်လၚ့်မနေဘဲ၊ မွန် ပြည်သူတစ်ရပ်လုံးနှၚ့်အတူဝိုင်းဝန်းဆန့်ကျၚ်ကြပါရန် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နွေဦး တော်လှန်ရေးအတွင်းက သက်ဆိုင်ရာ နိုင်ငံရေးအင်အားစုအချင်းချင်းကြား တော်လှန်ရေး အစေးကပ်မှု မြင့်မြင့်မားမားဖြစ်ထွန်းအောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကောင်းကျိုး ပြုကြရန် နိုင်ငံတော်သမ္မတ ဒူဝါလရှီးလ တိုက်တွန်း

နွေဦး တော်လှန်ရေးအတွင်းက သက်ဆိုင်ရာ နိုင်ငံရေးအင်အားစုအချင်းချင်းကြား တော်လှန်ရေး အစေးကပ်မှု မြင့်မြင့်မားမားဖြစ်ထွန်းအောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကောင်းကျိုး ပြုကြရန် နိုင်ငံတော်သမ္မတ ဒူဝါလရှီးလ တိုက်တွန်း

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၃ နွေဦး တော်လှန်ရေးအတွင်းက သက်ဆိုင်ရာ နိုင်ငံရေးအင်အားစုအချင်းချင်းကြား တော်လှန်ရေး အစေးကပ်မှု မြင့်မြင့်မားမားဖြစ်ထွန်းအောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကောင်းကျိုး ပြုကြရန် နိုင်ငံတော်သမ္မတ ဒူဝါလရှီးလ တိုက်တွန်းပြောကြားသည်။ ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့က ကျင်းပသော မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အား စုများ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံ...