မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းသို့ ဆက်သွယ်ထားသော အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ် ကြီးပေါ်တွင် ပြ ၈ လတာစစ်ဆင်ရေးကာလအတွင်း စစ်သား ၂၂၉ ဦး ကို သေဆုံး

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းသို့ ဆက်သွယ်ထားသော အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ် ကြီးပေါ်တွင် ပြ ၈ လတာစစ်ဆင်ရေးကာလအတွင်း စစ်သား ၂၂၉ ဦး ကို သေဆုံး

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂

မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းသို့ ဆက်သွယ်ထားသော အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ် တွင် ၈ လတာ စစ်ဆင်ရေးကာလအတွင်း စစ်သား ၂၂၉ ဦးသေဆုံးခဲ့ကြောင်း မွန်ပြည်တော်လှန်ရေး တပ် (MSRF) တပ်ဖွဲ့က ထုတ်ပြန်သည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ မှ သြဂုတ်လအထိ စစ်ဆင်ရေးများကြောင့် စကစ တပ်သား ၂၂၉ ဦးထက် မနည်း သေဆုံးကာ ၅၇ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်ကို စုဆောင်းထားသမျှ အချက်အ လက် များမှ အတည်ပြုနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မွန်ပြည်တော်လှန်ရေးတပ် အနေဖြင့် ယခုနှစ် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ မှ သြဂုတ်လ အထိ တိုက်ပွဲ ပေါင်း ၃၁ ပွဲဖော်ဆောင်နိုင်ခဲ့ပြီး ဇန်နဝါရီလ ၉ ရက်နေ့ မှ ၁၁ ရက်နေ့ အထိ ၃ ရက်တာ ကျုံလောင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၇၀ ဦးအထိ သေဆုံးကာ ၃၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရ သည်။

ထို့အပြင် မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ နိုင်ငံရေးဦးဆောင်မှုမှ အတုအယောင်ရွေးကောက်ပွဲ ဆန့် ကျင်တိုက်ဖျက်ရန် လမ်းညွှန်မှုအရ အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲ ကျင်း ပရန် ကြေညာပြီးနောက်ပိုင်း၊ “၇ ဇူလိုင် သွေးကြွေးဆပ်သည့် အမတ (၃၁၆) ဒရုန်းစစ်ဆင်ရေး” မှ စတင်၍ ဇူလိုင်လအတွင်း တိုက်ပွဲများ ခပ်စိပ်စိပ် ဖော်ဆောင်လာကြောင်း အသိပေးထားသည်။

MSFC ကာကွယ်ရေးဌာနအောက်မှ စစ်ရေးလက်တံ လက်နက်ကိုင်တပ်များဖြစ်သည့် မွန်ပြည်တော် လှန်ရေးတပ် (MSRF) နှင့် ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)တို့သည်ဇူလိုင်လ ၁၁ ရက်တွင် ရေးမြို့နယ်ရှိ ကွမ်ကျိုက်စခန်း ကင်းပုန်းအား ပျောက်ကြားစစ်ဆင်ရေး ဖော် ဆောင်ခဲ့ရာ အဆိုပါ “၇ ဇူလိုင် ဒရုန်းစစ်ဆင်ရေး” တွင် စစ်ကောင်စီ တပ်သား ၁၇ ဦးအထိသေဆုံးခဲ့ ကြောင်း သိရသည်။

မွန်ပြည်တော်လှန်ရေးတပ် အနေဖြင့် ၃ နှစ်တာ ကာလအတွင်း မွန်ပြည်နယ်အတွင်းရှိ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ် နှင့် ရေးမြို့နယ်( တောင်ပိုင်း နှင့် မြောက်ပိုင်း)၊ တနင်္သာရီတိုင်းအတွင်းရှိ ရေဖြူ မြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲ နှင့် သရက်ချောင်းမြို့နယ်တို့အထိ ဖြန့်ကျက်ကာ တော်လှန်ရေး ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များ နှင့်အတူ စစ်ဆင်ရေးများကို အရှိန်မြှင့် ဖော်ဆောင်လျက်ရှိကြောင်း အသိပေးထားသည်။

Thanlwin Myanamar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နတ်မောက်မြို့အနီးတွင် ပိတောက်ငုပ်ပျူရွာမှ ပျူစောထီးများလိုက်ပါလာသော ကားကို ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံး

နတ်မောက်မြို့အနီးတွင် ပိတောက်ငုပ်ပျူရွာမှ ပျူစောထီးများလိုက်ပါလာသော ကားကို ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၂ မကွေးတိုင်း၊ နတ်မောက်မြို့အနီး နတ်မောက်-ရွာမွန်လမ်းပိုင်းတနေရာတွင် ပိတောက်ငုပ်ပျူရွာမှ ပျူစောထီးများလိုက်ပါလာသော ကားတစ်စီးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦးသေဆုံးခဲ့ ကြောင်း People's Defence Force-Yenangyaung တပ်ဖွဲ့ထဲမှ သိရသည်။ ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၈ နာရီ...