Mon State News

Mon State News

ရေးမြို့နယ်၊‌ အောင်သာယာရွာဘုန်းကြီးကျောင်းအနီး ကင်းပုန်းဝပ်နေသော စစ်သားများကို တိုက် ခိုက်မှု စစ်သား ၁ ဦးသေဆုံး

 

D Day News

ဩဂုတ်လ ၂၄

 

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အောင်သာယာရွာဘုန်းကြီးကျောင်းအနီး ကင်းပုန်းဝပ်နေသော အကြမ်း ဖက်စစ်သားများကို အလစ်အငိုက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း တောင်ညိုစစ် ကြောင်းထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၂၃ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၂၀ အချိန်ခန့်ကရေးမြို့နယ် ၊အောင်သာယာ ရွာ ဘုန်းကြီးကျောင်းအနီး ကင်းပုန်း ယူထားသော စစ်ကောင်စီ၏ အမတ ၃၁၇ မှ တပ်သားများကို ပြောက်ကျားနည်းစနစ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁ ဦးသေဆုံးပြီး ၅ ဦး အ ပြင်းအထန် ဒဏ်ရာရရှိခဲ့ကြေင်း သိရသည်။

“ထွက်လာတာက တစ်လလောက်ကြပြီ၊ ဒီကောင်တွေ ပြန်မဝင်သေးတာ။ အဲဒီနားမှာပဲ လူခွဲပြီး ဖြန့်ချထားတာ အင်အား ၄၀ လောက်ရှိတယ်။ အပြန်အလှန်ပစ်ခတ်မှုက ၅ မိနစ်လောက်ပါပဲ၊ ကျနော်တို့ ပြောက်ကျားသွားပစ်တာဆိုတော့။ ကျနော်တို့ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်။ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနိုင်တာမို့ မိဘပြည်သူတွေအနေနဲ့လမ်း ခရီးအသွားအလာ ဂရုစိုက် ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု တောင်ညိုစစ် ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို တောင်ညို စစ်ကြောင်းနှင့် KNLAတပ်ရင်း ၂၇ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ငါန်းဇွန်မြို့နယ်၊ မြို့သာဆေးရုံအနီး ဂိတ်ချဆက်ကြေးကောက်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးပွဲချင်းပြီးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၁၇   မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာဆေးရုံအနီးတွင် ဂိတ်ချကာ ဆက်ကြေးကောက် နေသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃...