သံဖြူဇရပ်မြို့ဝင်ပေါက်ရှိ ဖောင်စိန်စစ်ဆေးရေးတိုးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

သံဖြူဇရပ်မြို့ဝင်ပေါက်ရှိ ဖောင်စိန်စစ်ဆေးရေးတိုးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂၄

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ဝင်ပေါက်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဖောင်စိန် စစ်ဆေးရေးတိုးဂိတ် ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ရာမညမွန်တပ်တော်က ထုတ်ပြန် သည်။

ဩဂုတ်လ ၂၂ ရက် နံနက် ၅ နာရီ ၄၅ မိနစ်က သံဖြူဇရပ်မြို့ဝင်ပေါက်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဖောင်စိန်စစ်ဆေးရေးတိုးဂိတ် (Tollgate) ကို မုဒုံမြို့နယ်ရှိ ရာမညမွန်တပ်တော် (RMA) တပ်ဖွဲ့ဝင် များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်း သိရ သည်။

ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးကာ ၃ ဦ ဒဏ်ရာရရှိခဲ့ပြီး ရာမညမွ န်တပ်တော် (RMA) ၏ တပ်ဖွဲ့ဝင်အားလုံး အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မော်လိုက်မြိုနယ်တွင် “သိန်းငှက်စစ်ဆင်ရေး” ကာလအတွင်း စစ်တပ်စခန်း ၆ ခုကို သိမ်းပိုက်ရရှိ

မော်လိုက်မြိုနယ်တွင် “သိန်းငှက်စစ်ဆင်ရေး” ကာလအတွင်း စစ်တပ်စခန်း ၆ ခုကို သိမ်းပိုက်ရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၉ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်တွင် “သိန်းငှက်စစ်ဆင်ရေး” ကာလအတွင်း စစ်တပ်စခန်း ၆ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း မော်လိုက်တော်လှန်ရေးအင်အားစုထံမှ သိရသည်။ ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း မော်လိုက်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး “သိန်းငှက် စစ်ဆင်ရေး” အဖြစ် ဖော်ဆောင်ခဲ့ရာ ထော်သာရွာ...