ရေးမြို့နယ်၊ ကွမ်းကျိုက်တပ်စခန်းအနီးရှိ ကာကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး
သံလွင်မြန်မာသတင်း
ဇူလိုင်လ ၁၆
မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း မော့ကနင်ကျေးရွာ အနီး၊ စစ်ကောင်စီလက်အောက်ခံ ကွမ် ကျိုက်တပ်စခန်းအနီးရှိ ကာကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ ကြောင်း မွန်ပြည်တော်လှန်ရေးတပ် -MSRF ထံမှ သိရသည်။
ဇူလိုင်လ ၁၁ ရက် နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ကရေးမြို့နယ်မြောက်ပိုင်း၊ မော့ကနင်ကျေးရွာအနီး၊ ကွမ်းကျိုက်တပ်စခန်းအနီးရှိ အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော ကာကင်းစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး တော်လှန် ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များအားလုံး တစုံတရာထိခိုက်မှုမရှိပဲ အောင်မြင်စွာ ခွာစစ်ဆင်နိုင် ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ၏ တပ်များဖြစ်သော မွန်ပြည်တော် လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) နှင့် မဟာမိတ် KNLA တပ်ရင်း ၂၇ ၊ တပ် ခွဲ ၁ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media