Mon State News

Mon State News

ရေးမြို့နယ်၊ နှစ်ကရင် ကူးတို့ဆိပ်သို့ ရောက်ရှိလာသော စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှု ဒုအရာခံ ဗိုလ် ခေါင်းဖြူ(ခ)နေမျိုးထိုက်အပါအဝင် ၄ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

မေလ ၁၂

 

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင် ကူးတို့ဆိပ်သို့ ရောက်ရှိလာသော စစ်ကောင်စီတပ်ဖွဲ့ကို တိုက် ခိုက်ခဲ့ရာ ဒုအရာခံဗိုလ် ခေါင်းဖြူ (ခ)နေမျိုးထိုက်အပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း ဒေါနစစ်ကြောင်း ထံမှ သိရသည်။

 

မေလ ၁၀ ရက် နံနက် ၆ နာရီခန့်က ရေးမြို့နယ်၊ ကော့ဒွတ် ကူးတို့ဆိပ်မှ နှစ်ကရင် ကူးတို့ဆိပ်သို့ စစ်ကြောင်းထိုးလာသော အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး ခလရ ၁၀၆ တပ်ရင်းမှ ဒုအရာခံဗိုလ် ခေါင်းဖြူ (ခ)နေမျိုးထိုက်အပါအဝင် ၄ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“ဒုအရာခံဗိုလ်နေမျိုးထိုက်က လက်မောင်းကနေ နှလုံးကို ကျည်ဖောက်ဝင်ပြီး သေဆုံးသွားတယ်လို့ နောက်ဆက်တွဲသတင်းရထားပါတယ်၊ သေဆုံးသွားတဲ့နေမျိုးထိုက်က တပ်ရင်းထဲမှာ နာမည်ပျက်နဲ့ ကျော်ဇောသူတစ်ယောက်ပါ။ သူ့ကိုခေါင်းဖြူလို့ နာမည်ပြောင်ပေးထားတယ်လို့ သိရပါတယ်” ဟု ဒေါနစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ခလရ ၃၁၇ မှ စစ်ကြောင်းမှူး ဗိုလ်ကြီး ရဲမင်းထွဋ် ၊ ခလရ ၁၀၆ မှ ဒုအရာခံဗိုလ် နေမျိုးထိုက် (ခ)ခေါင်းဖြူ နှင့် ခလရ ၅၈၈ မှ ဗိုလ်မှူး မျိုးမင်းညီတို့ ဦးဆောင်ကာ ပူးပေါင်းထားသည့် စစ်ကြောင်းဖြစ်ကြောင်း သိရသည်။

 

အလားတူ တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် မဝေးသော တဖက်ကျွန်းတွင်လည်း အင်အား ၇၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်ရင်း ၂၇ တပင်ရွှေထီးနှင့် ဒေါနချေမှုန်းရေးတပ်ဖွဲ့တို့ ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

လောင်းလုံးမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး စခန်းကုန်းနေရာ ၃ ပုံ ၂ လုံးပျက်စီး   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၁   တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ လက်ခတ်တောင် တာဝါတိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး...