Mon State News

Mon State News

ရေးမြို့နယ်အခြေစိုက် ခမရ ၅၈၈ တပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၇

 

မွန်ပြည်နယ်၊ ရေးမြို့နယ် မော့ကနင် အခြေစိုက် ခမရ ၅၈၈ တပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေါနစစ်ကြောင်းတပ်ရင်း ထံမှ သိရသည်။

 

ဧပြီလ ၂၄ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်က ရေးမြို့နယ် မော့ကနင် အခြေစိုက် ခမရ-၅၈၈ တပ်ရင်း ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ရာ ထိ ရောက်စွာကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက် ဖျက်ရေးအဖွဲ့ (NMSP-AD) နှင့် ပြည်သူ့ကာကွယ်‌ရေးတပ်မတော် ဒေါနတပ်ရင်းတို့ ပူးပေါင်းကာ လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ပစ်ခတ် နိုင်ခဲ့ ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

မင်းတုန်းမြို့နယ်တွင် ပြည်သူပိုင်ပစ္စည်းများကို ခိုးယူစားသောက်နေသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရင်း PDF ရဲဘော် တစ်ဦး ကျဆုံး   သံလွင်မြန်မာသတင်း မေလ ၃၀   မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် ပြည်သူပိုင်ပစ္စည်းများကို ခိုးယူစားသောက်နေသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရင်း PDF ရဲဘော် လှိုင်ဘွား...