Mon State News

Mon State News

ကျိုက်ထိုမြို့နယ်၊ ခရွဲရွာဘုန်းကြီးကျောင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဥူးပဇ္ဇင်း ၁ ပါး ပျံလွန်တော်မူပြီး ၂ ပါးထိခိုက်ဒဏ်ရာရ၊ ဘုန်းကြီးကျောင်းလည်း ပျက်စီး

 

သံလွင်မြန်မာသတင်း

မတ်လ ၂၃

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ခရွဲရွာဘုန်းကြီးကျောင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဥူးပဇ္ဇင်း ၁ ပါး ပျံလွန်တော်မူပြီး ၂ ပါးထိခိုက်ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်းလည်း ပျက်စီးသွားကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

 

မတ်လ ၂၁ ရက် နံနက် ၉ နာရီ ၃၀ မိနစ်က ဝေါမြို့နယ်၊ လက်ပယ်ရွာတွင် အခြေချ တပ်စွဲထား သော အကြမ်းဖက် စစ်ကောင်စီတပ်က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ် နယ် မြေ၊ ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာအုပ်စု၊ ခရွဲရွာမြောက်ပိုင်းရှိ ဘုန်းကြီးကျောင်း ကို လက်နက်ကြီးဖြင့် ၁ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းအမိုးပေါ်သို့ လက်နက်ကြီး ကျည် ကျရောက် ပေါက်ကွဲခဲ့ပြီး ဦးပဇ္ဇင်း ၁ ပါး ပျံလွန်တော်မူကာ ၂ ပါး လက်နက်ကြီး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်း အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီသည် ယခုအခါတွင် လေကြောင်းဖြင့်သော်လည်းကောင်း၊ လက်နက်ကြီးများဖြင့်သော်လည်းကောင်း သာသနာနယ်မြေများသို့ ကြိမ်ဖန်များစွာ တိုက်ခိုက်၍လွန်စွာစက်ဆုပ်ဖွယ်လုပ်ရပ်များကို ကျူးလွန်လျက်ရှိကြောင်း KNU ဗဟိုက ပြောဆိုထားသည်။

ဓာတ်ပုံ- လက်နက်ကြီးထိမှန်၍ ဘုန်းကြီးကျောင်း ပျက်စီးကာ ဦးပဇ္ဇင်းများ ထိခိုက်သည့်မှတ်တမ်း ဓာတ်ပုံများ။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

မြိုင်မြို့နယ်၊ ဗဟင်းရွာရှိ ထမင်းဆိုင်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု PDF တပ်ဖွဲ့ ဝင် ၄ ဦးနှင့် ဆိုင်ရှင်သားအမိ ၂ ဦး သေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၁   မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းရွာရှိ ထမင်းဆိုင်ကို အကြမ်းဖက်...