Mon State News

Mon State News

ရေးမြို့နယ်၊ ပြည်ထောင်စုလမ်းမပေါ်ရှိ ကွမ်ကျိုက်ရွာ စစ်တပ်စခန်းကို လက်နက်ကြီးဖြင့် တိုက်ခိုက် မှု စစ်သား ၃ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

မတ်လ ၂၁

 

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကွမ်ကျိုက်ရွာ၌ တပ်စွဲထားသော စစ်တပ်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ရေး‌ ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

မတ်လ ၁၇ ရက်နေ့က ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၃၃ နယ်မြေအတွင်းရှိ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်၊ ကွမ်ကျိုက်ကျေးရွာအနီးတွင်တပ်စွဲထားသော စစ်ကောင်စီ ၏ စခန်းကုန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ၆ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း လက်နက်ကြီးကျည်များမှာ စစ်ကောင်စီတပ်သားများ နေထိုင်ရာကို ကျ ရောက်ပေါက်ကွဲပြီး စစ်သား ၃ ဦးသေဆုံးကာ တပ်ကြပ်ကြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဒေါနတပ်ရင်း၊ ဒေါနစစ်ကြောင်း ၂ ၊ ရေးပြောက်ကျားတပ် (YGF) ၊ ရာမညစစ် ကြောင်း နှင့် KNLA တပ်ရင်း ၂၇ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

၉/ အညာမြေ စစ်ဆင်ရေးအဖြစ် မြင်းခြံခရိုင်အတွင်းရှိ စစ်တပ်စခန်းနေရာ ၁၂ ခုကို တပြိုင်တည်းဝင် ရောက်တိုက်ခိုက်မှု စစ်သား ၅၀ ကျော်သေဆုံးပြီး လက်နက် ၂၇ လက် သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း မေလ ၂၄   မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၁၂...