Mon State News

Mon State News

သိမ်ဇရပ်မြို့အခြေစိုက် ခမရ ၂၀၇ တပ်ရင်းအနီး ကင်းပုန်းဝပ်နေသော စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ တပ်ရင်း အတွင်းကိုလည်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၂

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အခြေစိုက် ခမရ ၂၀၇ တပ်ရင်းအနီးတွင် ကင်းပုန်းဝပ် နေသော စစ်သားများကို  စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ရန် ကုန်တိုင်း တိုက်ခိုက်ရေးအဖွဲ့ ၅ ထံမှ သိရသည်။

 

ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက် ညနေ ၄ နာရီခန့်က ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် ၊ ခမရ ၂၀၇ တပ်ရင်းအနီး ကျောက်မိုင်း၌ ကင်းပုန်းဝပ်နေသော စစ်သားများကို တော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း စနိုက်ပါဖြင့် အနီး ကပ်ပစ်မှုခတ်နိုင်ခဲ့မှုကြောင့် စစ်သား ၁ ဦး ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA ၊ တောင်ညိုတပ်ရင်းနှင့် ရန်ကုန်တိုက်ခိုက်ရေး အဖွဲ့ ၅ တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပဲခူးမြို့နယ်(ပကဖ)၊ ဝေါမြို့နယ်(ပကဖ)၊ သနပ်ပင်မြို့နယ်(ပကဖ)များ အနေဖြင့် စစ်တပ် ကာကင်း သဘောနေရာယူပေးခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အလားတူ ဖေဖော်ဝါရီလ ၉ ရက် နေ့လည် ၁၁ နာရီ ၄၅ မိနစ်က ခမရ ၂၀၇ တပ်ရင်းအတွင်းသို့ တောင်ညို စစ်ကြောင်းနှင့် အင်းတကော် (ပ.က.ဖ) ပူးပေါင်းတပ်ဖွဲ့တို့ပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

ထားဝယ်မြို့နယ်၊ ရွှေဂူတောင်ပေါ်ရှိ စစ်တပ်စခန်းကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၈   တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရွှေဂူတောင်ပေါ်ရှိ စစ်တပ်စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ဒူရကစစ်ကြောင်းထံမှ သိရသည်။   ဇွန်လ...