Mon State News

Mon State News

ဘီးလင်းမြို့နယ်၊ မယ်ပရိဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် စစ်သား ၄၀ ကျော်သေပြီး ဟောင်ဝှစ်ဇာ လက်နက်ကြီးနှင့်ခဲယမ်းသိမ်းဆည်းရရှိ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၃

 

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မယ်ပရိ ဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် စစ်သား ၄၀ ကျော်သေဆုံးပြီး ဟောင်ဝှစ်ဇာလက်နက်ကြီးအပါအဝင် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း BPLA တပ်ဖွဲ့ နှင့် တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၁ ရက် နံနက် ၁၁ နာရီခန့်က KNU သထုံခရိုင် တပ်မဟာ ၁ နယ်မြေ ၊ ဘီး လင်းမြို့ နယ်၊ မယ်ပရိ ဗျူဟာ စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက်သိမ်း ပိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၄၀ ကျော်သေဆုံးပြီး ၂၇ ဦးအရှင်ဖမ်းမိခဲ့ကြောင်း၊ ထို့အပြင် ဟောင်ဝှစ်ဇာလက်နက်ကြီး အကောင်းအတိုင်းအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

 

ယင်းစခန်း ခြေမြန်တပ်ရင်း ခမရ ၄၀၅ တပ်ရင်းမှ တပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်ဖြင့် အခြေချတပ်စွဲ ထားဖြစ်ပြီး KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဇန်နဝါရီလ ၁ ရက်နေ့ကစ၍ တိုက်ခိုက်ခဲ့ ခြင်း ဖြစ်ကြောင်း၊ စခန်းသိမ်းတိုက်ခိုက်နေချိန်တွင် ဗျူဟာမှူးနှင့် တပ်ရင်းများသည် ကိုယ်လွတ်ရုန်း ကာ ထွက်ပြေးသွားကြောင်း သိရသည်။

Video – ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် – BPLA

အဆိုပါ စခန်းသိမ်းတိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာ ကွယ်ရေးတပ်မတော် (PDF) ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)နှင့် Force for Federal Democracy (FFD) တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

စခန်း သိမ်း တိုက်ပွဲ အတွင်း အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများ ပြန်လည်ပစ်ခတ်မှုအပြင် လေကြောင်း စစ်ကူများဖြင့် အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့သဖြင့် မဲပလီခီးကျေးရွာအုပ်စုနှင့် (အီးစူခီး) အစူးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာ ၁၂ ရွာမှ ဒေသနေပြည်သူ ၂၀၀၀ ကျော် ဘေးလွတ်ရာသို့ ရှောင်တိမ်းခဲ့ရကာ ပြည်သူ့ နေအိမ် ၆ လုံးထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ဖြူးမြို့နယ်တရားရုံးရှေ့၊ ဇေယျဝတီမြို့ရဲစခန်း၊ ဘူတာရုံတို့အပါအဝင် နေရာ ၆ ခုကို စီးနင်းတိုက် ခိုက်မှု စစ်သား ၄ ဦး သေဆုံးပြီး လက်နက် ၁ လက် သိမ်းဆည်းရရှိ (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၂၆   ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တရားရုံးရှေ့၊...