Mon State News

Mon State News

ရေးမြို့နယ်၊ ကျုံလောင်းကျေးရွာ၊ ဘိုကလေးကျောင်းတိုက်အနီး တပ်စွဲထားသော အကြမ်းဖက် စစ် သားများကို မစ်ဆိုင်းဒုံးများဖြင့် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး ကား ၁ စီးမီးလောင်ပျက်စီး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၄

 

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းကျေးရွာ၊ ဘိုကလေးကျောင်းတိုက်အနီး၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို မစ်ဆိုင်းဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး ကားတစ်စီးမီးလောင်ပျက်စီးခဲ့ကြောင်း Saw Dragon Drone Force – SDDF ထံမှ သိရ သည်။

 

ဇန်နဝါရီလ ၂၂ ရက်နေ့က ရေးမြို့နယ်၊ကျုံလောင်းကျေးရွာ၊ဘိုကလေးကျောင်းတိုက်အနီးတွင် တပ်စွဲ ထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို Missile Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရော့ကတ်ဒုံးကျည်များ အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားသည့် နေရာအတွင်း ကျရောက်ပေါက် ကွဲခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက်စစ်သားများ အသုံးပြုသည့် ကား ၁ စီးလည်း မီးလောင်ပျက်စီးခဲ့ပြီး တိုက်ခိုက် ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများက လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုရှိခဲ့ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Saw Dragon Drone Force -SDDF Missile Team နှင့် မွန်၊ ကရင် တော် လှန်ရေး မဟာမိတ်အင်အားစုများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ် ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ယင်းမာပင်မြို့နယ်၊ ပုသိမ်- မုံရွာလမ်းပိုင်းတွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၂၀   စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာမြို့နယ်အရှေ့ခြမ်း ပုသိမ် -မုံရွာလမ်းပိုင်းတွင် စစ်တပ် စစ် ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄...