Mon State News

Mon State News

ဘီးလင်းမြို့နယ်၊ သဲဖြူချောင်း သံတံတားတိးဂိတ်ဟောင်းကို ပစ်ခတ်တိုက်ခိုက်

 

D Day News

ဇွန်လ ၁၇

 

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ သဲဖြူချောင်း သံတံတားတိုးဂိတ်ဟောင်းရှိ အကြမ်းဖက်စစ်သားများ ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်မှုရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ် မတော် တပ်ရင်း ၇၈၀၅ ထံမှ သိရသည်။

 

ဇွန်လ ၁၄ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂၀ ခန့်က ဘီးလင်းမြို့နယ် ၊ သဲဖြူချောင်း ၊ သံတံတား တိုးဂိတ် ဟောင်း စစ်ဆေးရေးဂိတ်ကို တပ်ရင်း – ၇၈၀၅ ၊ တပ်ခွဲ – ၄ ၊ UG မှ ၄၀ မမ လက်နက်ကြီး ၁ လုံး၊ လက်နက်ငယ်အချက်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်ခတ်ကို ထိမှန်ခဲ့ပြီး တိုက်ပွဲဖြစ်ပြီး နောက် လူနာတင်ယာဉ် ၂ စီးရောက်ရှိလာကာ သေဆုံးထိခိုက်ဒဏ်ရာရ စစ်သားများကို သယ်ဆောင် သွားကြောင်း သိရသည်။

 

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း တစ်ဖက်ကမ်းရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်မှ ပြန်လည် ပစ်ခတ်မှုရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များမှ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ ကြောင်း၊ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုအရေအတွက် အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

 

ပြည်သူ့ကာကွယ်ရေးတပ် မတော် တပ်ရင်း ၇၈၀၅ အနေဖြင့် စစ်အာဏာရှင်ကျဆုံးသည်အထိ ဆက် လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦး ခန့်ထိခိုက် ဒဏ်ရာရ

ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦး ခန့်ထိခိုက် ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၉ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းဆရာ ၁ ဦးအပါအဝင် ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များထံက သိရသည်။ ယနေ့ စက်တင်ဘာလ ၉ ရက် နံနက်အစောပိုင်း...