Mon State News

Mon State News

ရေးမြို့နယ်အခြေစိုက် ခမရ ၅၈၃ တပ်ရင်းကို လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၄

 

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာ အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၈၃ တပ်ရင်း ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ဦးသေဆုံးခဲ့ကြောင်း ဒေါနစစ်ကြောင်း ထံမှ သိရသည်။

 

ဒီဇင်ဘာလ ၃၁ ရက် နေ့က ရေးမြို့နယ်၊ကျောင်းရွာ အခြေစိုက် အကြမ်းဖက်စစ်တပ်၏ တပ်စခန်း ခမရ – ၅၈၃ အတွင်းသို့ ၆၀ မမ စိန်ပြောင်း လက်နက်ကြီးဖြင့် ၃ လုံး ပစ်ခတ်ခဲ့ရာ အကြမ်းဖက် တပ် စခန်း၏ ဗဟိုကင်းအနီးသို့ ၁ လုံး စခန်းအလည်သို့ ၁ လုံး ခြံစည်းရိုးအနီးသို့ ၁ လုံး ကျရောက်ပေါက် ကွဲခဲ့ကြောင်း သိရသည်။

“တပ်ရင်းထဲကို ပစ်ထည့်ခဲ့တာပါ။ ကျောင်းရွာပတ်ဝန်းကျင်မှာရှိတဲ့ ကံလှရွာ၊ ဖားကြီးရွာ၊ ကျောက် မိကျောင်းရွာတို့ ရှိတယ်၊ အဲဒီရွာတွေထဲကို သူတို့က ပြန်ပစ်ထည့်တာ။ အခုက ကံလှရွာဘက်ကို ပစ် တာ၊ ပစ်တာက သုံးလေးလုံးရှိတယ်။ ရာဘာပင်ဖြတ်တဲ့ သူထိတာ၊ အခုလည်း ကျုံဒိုးရွာစာသင် ကျောင်းကို ပစ်နေတာ ၂ ကြိမ်ရှိပြီ။ ကျနော်တို့ဘက်က ရဲဘော်တွေ ဘေးကင်းပါတယ်” ဟု ဒေါန စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထို့သို့ ကျရောက်ပေါက်ကွဲမှုအတွင်း အကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီး ၁ ဦး သေဆုံးကာ ၁၀ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ကျေးရွာ အနီး ကျရောက်ပေါက်ကွဲပြီး အပြစ်မဲ့ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းတိုင်း ၊ ဗျူဟာ ၃၃ ၊ ဒေါန တပ်ရင်း နှင့် မဟာမိတ်တပ်ရင်းတပ်ဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ငဖဲမြို့နယ်၊ ခွန်ဇူရွာစစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး လက်နက် ၆ လက်နှင့်အတူ ၁ ဦးအရှင်မိ ၊ နတ်ရေကန်ဗျူစခန်းမှထွက်ပြေးလာသော စစ်သား ၁၄ ဦးအရှင်မိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၂   မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ခွန်ဇူရွာစစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ...