Mon State News

Mon State News

ဘီးလင်းမြို့နယ်တွင် ရဲတပ်ဖွဲ့မှ အလုပ်ဖြုတ်ခံရပြီး စစ်တပ်အတွက် ထပ်မံ အလုပ်လုပ်ပေးသူ တစ်ဦး ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံး၊ လက်ပစ်ဗုံး ၂ လုံးသိမ်းဆည်းရရှိ

 

D Day News

မေလ ၂၃

 

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ဆင်မင်းဘုရားနှင့်တိုက်နယ်ဆေးရုံကြားတနေရာ၌ ရဲတပ် ဖွဲ့မှ အလုပ်ဖြုတ်ခံရပြီး အ ကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ သက်လွင်ဦးကို ပစ်ခတ် ရှင်းလင်းခဲ့ရာ သေဆုံးသွား ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF ထံမှ သိရသည်။

 

ယနေ့ မေလ ၂၃ ရက် နံနက် ၉ နာရီ ၁၀ မိနစ်အချိန်က ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာ၊ ရွာကြီး တောင်ပိုင်းနေ အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ သက်လွင်ဦး (ရဲပြုတ်) ဆိုသူအား စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်၍ ဇုတ်သုတ် ဆင်မင်းဘုရားနှင့် တိုက်နယ်ဆေးရုံကြား တနေရာ၌ ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) နှင့် ကျိုက်ထိုပကဖ ပူး ပေါင်းအဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲဝင်များ အထိအခိုက်မရှိ ဆုတ် ခွာနိုင်ခဲ့ကြောင်း ၊သေဆုံးသူ သက်လွင်ဦး ထံမှ လက်ပစ်ဗုံး ၂ လုံး၊ ငွေကျပ် ၁၅၀ဝ နှင့် အိတ် တစ်လုံး ကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

 

ကျိုက်ထိုတော်လှန်ရေး အင်အးစု – KRF အနေဖြင့် စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေးကာကွယ်စောင့် ရှောက်သွားမည် ဖြစ်ပါကြောင်းနှင့် ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက်နစ်နာ ပျက်စီး ဆုံးရှုံး စေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်မည်မဟုတ်ကြောင်း အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ကိုင်း၊မကွေး၊ မန္တလေးနှင့်ရှမ်းမြောက်တို့တွင် စစ်ဆင်ရေး အရှိန်အဟုန်မြှင့်တင်နိုင်ရန် အထူးတိုင်း စစ်ဌာနဖွဲ့စည်း

စစ်ကိုင်း၊မကွေး၊ မန္တလေးနှင့်ရှမ်းမြောက်တို့တွင် စစ်ဆင်ရေး အရှိန်အဟုန်မြှင့်တင်နိုင်ရန် အထူးတိုင်း စစ်ဌာနဖွဲ့စည်း

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၇ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် စစ်ဆင်ရေးအရှိန် အဟုန် မြှင့်တင်နိုင်ရန် အထူးတိုင်းစစ်ဌာနဖွဲ့စည်းကြောင်း NUG ၊ ကာ ကွယ်ရေးဝန်ကြီးဌာန၊ အထူးတိုင်းစစ်ဌာနက ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။ အမှတ် ၁ စစ်ဒေသအတွင်းပါဝင်သည့် စစ်ကိုင်းတိုင်း၊...