Mon State News

Mon State News

ကျိုက်ထိုနှင့်ဘီးလင်းကြားရှိ သဲဖြူချောင်းတံတား၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု ၇ ဦး သေဆုံး (ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၁၁

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားရှိ သံဖြူချောင်းတံတား၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၇ ဦးသေဆုံးခဲ့ကြောင်း PDF တပ် ရင်း – ၇၈၀၅ ၊ တပ်ခွဲ – ၄ ထံမှ သိရသည်။

 

စက်တင်ဘာလ ၉ ရက် နံနက် ၁၀ နာရီခန့်က ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြား၊ ရန်ကုန် -မော်လမြိုင်လမ်းမကြီးပေါ်ရှိ သံဖြူချောင်းတံတား(သံတံတား)၌ တပ်စွဲကာ ဆက်ကြေးကောက်နေ သော အကြမ်းဖက်စစ်သား၊ ရဲများကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦး၊ ရဲ ၃ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

https://youtu.be/nd0J3Dpd4tA

ယင်းတိုက်ပွဲသည် ၁ နာရီခန့်ကြာြမင့်ခဲ့ပြီး ကျိုက်ထိုမြို့နယ်အခြေစိုက်အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် ၆၀၂ ဒရုန်းတပ်ရင်းမှ ဒရုန်းများဖြင့် ဗုံးကြဲပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၁၁ နာရီခန့် တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို PDF တပ်ရင်း – ၇၈၀၅ ၊ တပ်ခွဲ – ၄  ၊ ကျိုက်ထို ပကဖ  ၊ သူရိယစစ်ကြောင်း ၊ တပ်ရင်း – ၅ ၊ တပ်ခွဲ – ၁ နှင့် TPDF Drone အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သူရိယစစ် ကြောင်းမှ ရဲဘော်တစ်ဦး တိုက်ပွဲအတွင်းမြင့်မြတ်စွာ အသက်ပေးလှူကျဆုံးခဲ့ကာ ရဲဘော် (၄) ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

PDF ၊ တပ်ရင်း – ၇၈၀၅ ၊ တပ်ခွဲ – ၄ အနေဖြင့်စစ်အာဏာရှင်စနစ်ကျ ဆုံးသည်အထိဆက်လက်၍ တိုက်ပွဲ၀င်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရန်ကုန်မြို့ကိုသွားရင်းပေါ်တာဆွဲခံရသည့် စစ်မှုထမ်းတပ်သား ၁ ဦးလက်နက် ၂ လက်နှင့်အတူ အလင်းဝင်(ရုပ်သံ)

ရန်ကုန်မြို့ကိုသွားရင်းပေါ်တာဆွဲခံရသည့် စစ်မှုထမ်းတပ်သား ၁ ဦးလက်နက် ၂ လက်နှင့်အတူ အလင်းဝင်(ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၃ မကွေးတိုင်း၊ ချောက်မြို့မှ ရန်ကုန်သို့သွားရင်း ပေါ်တာဆွဲခံရသူ စစ်မှုထမ်းတပ်သား ၁ ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန် သည်။ ဩဂုတ်လ ၂ ရက်နေ့က ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ရှေ့တန်းတနေရာသို့ ရောက်ရှိနေသော အကြမ်းဖက်...