Mon News

Mon News

မုဒုံမြို့နယ်၊ ရောင်းဒေါင်းကျေးရွာအနီးတွင် စစ်ကားတစ်စီးကို တိုက်ခိုက်မှု အရာဗိုလ်တစ်ဦးအပါ အ ဝင် ၃ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ

 

D Day News

ဇွန်လ ၁၀

 

မွန်ပြည်နယ်၊ မုံဒုံမြို့နယ်၊ သံဖြူဇရပ် – မုဒုံ လမ်းမပေါ် ရောင်းဒေါင်းရွာ အနီးတွင် အကြမ်းဖက်စစ် ကောင်စီ၏ ကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အရာခံဗိုလ်တစ်ဦးအပါအဝင် စစ်သား ၃ ဦး သေ ဆုံးခဲ့ပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း မွန်ပြည်သစ်ပါတီ – AD ထံမှ သိရသည်။

 

ဇွန်လ ၉ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် မုဒုံအခြေစိုက် အမှတ် ၃၁၈ အမြောက်တပ်မှ အရာ ခံဗိုလ်တင်ဝင်း ဦးစီးပြီး အကြမ်းဖက်စစ်သား ၁၀ ဦးစီးနင်းလိုက်ပါလာသည့် ဟိုက်ဂျက် ကားတစ်စီး ကို သံဖြူဇရပ် – မုဒုံ ကားလမ်းပိုင်းရှိ ရောင်ဒေါင်းရွာအနီးအရောက် မွန်ပြည်သစ်ပါတီ – AD တပ်ဖွဲ့ဝင် များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် အရာခံဗိုလ်တင်ဝင်းပါ စစ်သား ၃ ဦးသေဆုံးပြီး ၃ ဦး ထိ ခိုက်ဒဏ်ရာ ရရှိကာ သေနတ် ၁ လက် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အရာခံဗိုလ်တင်ဝင်းမှာ သေနတ်ထိမှန်ပြီး ကားပေါ်မှ ပြုတ်ကျသေဆုံး ခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်ခံရသည့် အကြမ်းဖက်စစ်ကားသည် ၎င်းတို့ တပ်ရင်းအတွင်း အတင်းအ မြန်မောင်းနှင်ပြေးဝင်သွားကြောင်း သိရသည်။

 

ပစ်ခတ်ခံပြီးနောက် ၁ နာရီခန့်ကြာချိန်တွင် အရာခံဗိုလ်တင်ဝင်း၏ ရုပ်အလောင်းကို အကြမ်းဖက် စစ်သားများက လာရောက်ကောက်ယူသွားပြီး ပြည်သူအချို့ကိုလည်း အကြမ်းဖက်စစ်သားများက စစ်ဆေးမှုလုပ်ခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့ကလည်း မုဒုံ – သံဖြူဇရပ်လမ်းပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီတပ် လက်ကိုင်တုတ် ရဲတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ကား ၂ စီးကို မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့ – NMSP AD က ကြားဖြတ်တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦး ခန့်ထိခိုက် ဒဏ်ရာရ

ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦး ခန့်ထိခိုက် ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၉ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းဆရာ ၁ ဦးအပါအဝင် ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များထံက သိရသည်။ ယနေ့ စက်တင်ဘာလ ၉ ရက် နံနက်အစောပိုင်း...