Mon & Karen News

Mon & Karen News

ကျိုက်မရော၊ စံပယ်ဂူတံတား စစ်ဆေးရေးဂိတ်နှင့် ကော့ကရိတ် ကော့ဒုံကျေးရွာရှိ စစ်တပ်စခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ဒုတပ်ရင်းမှူးအပါအဝင် ၇ ဦးသေဆုံး

 

D Day News

ဇူလိုင်လ ၂

 

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ စံပယ်ဂူတံတား စစ်ဆေးရေးဂိတ်နှင့် ကော့ကရိတ်မြို့နယ်၊ ကော့ ဒုံကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဒုတပ်ရင်း မှူးအပါအဝင် ၇ ဦးသေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်းတပ်ခွဲ ၃ ထံမှ သိရသည်။

 

ဇွန်လ ၂၆ ရက်မှ ၃၀ ရက်နေ့အထိ ကျိုက်မရောမြို့နယ်၊ စံပယ်ဂူတံတား စစ်ဆေးရေးဂိတ်နှင့် ကော့ကရိတ်မြို့နယ်၊ ကော့ဒုံကျေးရွာရှိ အကြမ်းဖက်စစ်တပ်စခန်းကို ဒရုန်းဖြင့် သွားရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ဒုတပ်ရင်းမှူးအပါအဝင် တပ်သား ၇ ဦးသေဆုံးပြီး ၂၀ ဦးထက် မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ရန်သူ့လှုပ်ရှားမှုသတင်းရလို့ လက်ဦးမှုရယူတဲ့သဘော သွားရောက်တိုက်ခိုက်ခဲ့တာပါ၊ ထိခိုက်သေ ဆုံးမှုရှိပေမယ့် ဘယ်သူ၊ ဘယ်ဝါအတိအကျတော့ အတည်ပြုလို့မရသေးဘူး။” ဟု ကျားဖြူစစ် ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ တိုက်ခိုက်မှုများအတွင်း ဇွန်လ ၂၈ ရက်နေ့ ကျိုက်မရောမြို့နယ်၊ စံပယ်ဂူတံတား တိုက်ခိုက်မှု၌ အကြမ်းဖက်စစ်တပ်မှ ဒုတပ်ရင်းမှူးနှင့် တပ်ကြပ်ကြီးတစ်ဦး သေဆုံးသွားခြင်းဖြစ်ပြီး မော်လမြိုင်မြို့ ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ် – ရတခ မှ Mi 35 ရဟတ်ယာဉ်တစ်စီးတက်လာကာ မိနစ် ၄၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကျားဖြူစစ်ကြောင်း ၊ ကျားဖြူတပ်ခွဲ – ၃ (Drone Team) နှင့် ဂဠုန်စစ် ကြောင်း၊ G2 Drone Team တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပုလောမြို့နယ် ၊ ထမင်းမစားကျေးရွာသို့ ပြန်လည်ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်မှုစစ်သား၊ ပျူ ၁၅ ဦးသေဆုံး

ပုလောမြို့နယ် ၊ ထမင်းမစားကျေးရွာသို့ ပြန်လည်ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်မှုစစ်သား၊ ပျူ ၁၅ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာသို့ ပြန်လည် စစ်ကြောင်းထိုးဝင်ရောက်လာ သော အကြမ်းဖက်စစ်သား၊ ပျူများကို တိုက်ခိုက်ခဲ့ရာ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ စက်တင်ဘာလ ၉ ရက်နေ့က ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာတပ်စခန်းကို ပြန်လည် ထိန်းချုပ် နိုင်ရေး...