MNDAA News

MNDAA News

MNDAA အပြည့်အဝ ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကာ ဟိုတယ်နှင့်အဆောက်အအုံများ ပျက်စီး

 

D Day News

ဇူလိုင်လ ၁၅

 

MNDAA တပ်ဖွဲ့က အပြည့်အဝ ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့ကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကာ ဟိုတယ်နှင့် အဆောက်အအုံများ ပျက်စီးခဲ့ကြောင်း တရားဝင်သတင်းထုန်ပြန်သည်။

 

ယမန်နေ့ ဇူလိုင်လ ၁၄ ရက် နံနက် အစောပိုင်း ၂ နာရီအချိန်တွင် MNDAA အပြည့်အဝ ထိန်းချုပ်ထား သည့် အထူးဒေသမြို့တော် လောက်ကိုင်မြို့ကို အကြမ်းဖက်စစ်ကောင်စီလေတပ်က အချိန်အတော် ကြာကြာ လေကြောင်းထောက်လှမ်းမှုပြုလုပ်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကာ ဟိုတယ်နှင့်အခြားအဆောက်အအုံများ ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူမှာ အသက် ၃၇ နှစ်အရွယ် Wang ဖြစ်ပြီး ဆီအောရွာနေသူများလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် Rainbow တံတားဘေးတွင် တည်ရှိသော Royal Lever Hotel နှင့် Dongcheng International Hotel များထိခိုက်ခဲ့ပြီး ပေါက်ကွဲအားကြောင့် အနီးပတ်ဝန်းကျင်ရှိ အဆောက်အဦးများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

 

လွန်ခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မင်းအောင်လှိုင်၏ အာဏာသိမ်းစစ်တပ်က လူနေရပ်ကွက်များ ကို ပစ်မှတ် ထားကာ အထူးဒေသ(၁) သိန္နီခရိုင်ရှိ စာသင် ကျောင်းများနှင့် ဘုန်းကြီးကျောင်းများ၌ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းမတိုင်မီက မင်းအောင်လှိုင်၏ အာဏာသိမ်းစစ်တပ်သည် လောက် ကိုင်မြို့ကို ဝေဟင်မှ ထောက်လှမ်းမှုများပြုလုပ်ခဲ့ပြီး နောက်ဆုံး ဇူလိုင်လ ၁၄ ရက် နံနက်အစောပိုင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း The Kokang က သတင်းထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

PDF တပ်ဖွဲ့ဝင်အဖြစ်ထမ်းဆောင်ရန်ဝင်ရောက်လာသည့် အသက်မပြည့်သူ ကလေး ၄ ဦးကို မိဘ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ   သံလွင်မြန်မာသတင်း ဇွန်လ ၂၈   မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းမှ PDF တပ်ဖွဲ့ဝင် အဖြစ်ထမ်းဆောင်ရန် ရောက်ရှိလာသည့် အသက်မပြည့်သူ ကလေးသူငယ် ၄ ဦးကို မိဘအုပ်ထိန်းသူများထံ...