MNDAA News

MNDAA News

အာဏာရှင်မင်းအောင်လှိုင်ကြောင့် တပ်မတော်သားများ မိသားစုနှင့်ကွဲကာ အသက်ဘေးနဲ့ ကြုံတွေ့ နေရဟု တပ်ကြပ်မျိုးဇော် ပြောဆို (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၁၄

 

အာဏာရှင်မင်းအောင်လှိုင်ကြောင့် တပ်မတော်သားများ မိသားစုနှင့်ကွဲကွာကာ အသက်ပေးနှင့်ရင် ဆိုင်နေရကြောင်း လားရှိုးမြို့နယ်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့ထံ လက်နက်ချအလင်းဝင်ခဲ့သူ တပ်ကြပ်မျိုးဇော်က ပြောကြားသည်။

 

ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့တွင် လက်နက်ချအလင်းဝင်ရောက်ခဲ့ သည့် စစ်ကောင်စီတပ်သားက မင်းအောင်လှိုင်သို့ပြော ဆိုလိုသောစကားရုပ်သံဖိုင်ဖြင့်ထုတ်ပြန်ရာ တပ်ကြပ်ဇော်မျိုးက ထည့်သွင်း ပြောကြားထားခြင်းဖြစ်သည်။

 

“စစ်အာဏာရှင်မင်းအောင်လှိုင်ကြောင့် ကျနော်တို့တပ်မတော်သား မိသားစုဝင်တွေလည်း အသက် ဘေးနဲ့ ကြုံတွေ့နေရပါတယ်။ မိသားစုတွေလည်း ကွဲကွာနေရပါတယ်။ မကြာမီမှာလည်း ပြည်သူလူ လိုလားသော ၊ ပြည်သူလူထုရွေးချယ်ထားသော နိုင်ငံတော်တစ်ခုဖြစ်ပေါ်လာမယ်လို့ ယုံကြည်ပါ တယ်” တပ်ကြပ်ဇော်မျိုးက ပြောကြားသည်။

https://youtu.be/VNo_Dz_B1_M

တပ်ကြပ်ဇော်မျိုးသည်ဇူလိုင်လ ၁၂ ရက်နေ့က လားရှိုးမြို့နယ်အတွင်း၌ ညီနောင်မဟာမိတ် ၃ ဖွဲ့ ထံ လက်နက်ချအလင်းဝင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် အခြေခံ စစ်ပညာသင်တန်းဆင်းကာ ကွမ်လုံ ဗျူဟာတွင် စတင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

 

“လာရှိုးမှာ စစ်ဘေးဒဏ်ခံစားနေရတဲ့ ပြည်သူလူထုအတွက် အင်မတန်မှ ဝမ်းနည်းမိပါတယ်။ စစ် အာဏာရှင်မင်းအောင်လှိုင်က ကိုဗစ် ၁၉ ခံစားနေရတဲ့အချိန် ပြည်သူတွေရွေးချယ်ထားတဲ့ အာဏာ ကို သိမ်းယူခဲ့ခြင်းဖြစ်ပါတယ်။ ပြည်သူလူထုက လွတ်လပ်စွာဆန္ဒထုတ်ဖော်တဲ့အချိန်မှာ လက်နက်နဲ့ နှိမ်နင်းခဲ့ပါတယ်။ ဒီလိုနှိမ်နင်းမှုကြောင့်ပဲ ပြည်သူလူထုက ရရာလက်နက်နဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါ တယ်။ လားရှိုးမှာခံစားနေရတဲ့ပြည်သူတွေအတွက်လည်း အင်မတန်မှ စိတ်မကောင်းဖြစ်ရပါတယ်။ ဒီလိုဖြစ်လို့လည်း မဟာမိတ်အဖွဲ့တွေကိုလည်း အပြစ် မမြင်ပါဘူး။ မဟာမိတ်အဖွဲ့တွေကလည်း နိုင် ငံသစ်တည်ထောင်နေခြင်းမဟုတ်ပါဘူး။ ပြည်သူလိုလားတဲ့ ပြည်ထောင်စုတည်ထောင်နေခြင်းပါ တယ်။” ဟု တပ်ကြပ်ဇော်မျိုးက ပြောကြားထားသည်။

 

လားရှိုးမြို့နယ်တွင် လက်နက်ချအလင်းဝင်ခဲ့သော အာဏာသိမ်းတပ်မှ ဒဏ်ရာရရှိခဲ့သူများကို မဟာမိတ်တပ်ဖွဲ့က လူသားချင်းစာနာမှုဆိုင်ရာ ကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ငါ့သရောက်မြို့နယ်၊ ဆင်သားမွေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး အမျိုးသားတစ်ဦး ကို ရက်ရက်စက်စက်သတ်ဖြတ်ကာ နေအိမ် ၂၅ လုံးကို မီးရှို့ဖျက်ဆီး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁   မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်၊ ဆင်သားမွေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင် ရောက်ပြီး အမျိုးသားတစ်ဦးကို...