MNDAA News

MNDAA News

စစ်ကောင်စီတပ်က ဆင်နွှဲနေသော မြေပြင်နှင့်ဝေဟင်မှ ထိုးစစ်ဆင်မှုများ ရပ်ဆိုင်းပါက နိုင်ငံရေး နည်းလမ်းဖြင့် တွေ့ဆုံဖြေရှင်းရန် လိုလားကြောင်း MNDAA ကြေညာ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၃

 

အကြမ်းဖက်စစ်ကောင်စီက ဆင်နွှဲနေသော မြေပြင်နှင့်ဝေဟင်မှ ထိုးစစ်ဆင်မှုများကို ရပ်ဆိုင်းပါက နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဖြေရှင်ရန် လိုလားကြောင်း MNDAA က ဒီနေ့ (ဒီဇင်ဘာလ ၃ ရက် ) ရက်စွဲနဲ ကြေညာလိုက် ပါတယ်။

 

စစ်ဘေးဒုက္ခဒဏ်ကို ပြင်းထန်စွာခံစားနေရတဲ့ အပြစ်မဲ့ပြည်သူလူထုရဲ့ အကျိုးကို ငဲ့ညှာထောက်ထား ရန်၊ တရုတ်-မြန်မာနယ်စပ်၏ တည်ငြိမ်အေးချမ်းရေးကို ကာကွယ် ထိန်းသိမ်းရန်၊ ပြည်တွင်းစစ်ရေး ပဋိပက္ခများကို နိုင်ငံရေး နည်းလမ်းဖြင့်ဖြေရှင်းနိုင်ရန်နှင့် ဒေသတွင်းငြိမ်းချမ်းရေးကို လက်တွေ့ကျ ကျ ဖော်ဆောင်ရန်အတွက် MNTJP/MNDAA ရဲ့ ရပ်တည်ချက်နှင့် သဘောထားကို ထပ်မံထုတ်ပြန် လိုက်ခြင်းဖြစ်တယ်လို့ အသိပေးထားပါတယ်။

MNTJP/MNDAA သည် နိုင်ငံတော်မှခွဲထွက်ပြီး နိုင်ငံတော်အသစ်ထူထောင်ခြင်းကို ပြုလုပ်မှာမဟုတ် ကြောင်း၊ စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တောင်းဆိုခြင်းသာဖြစ်ကြောင်း၊ MNDAA အနေဖြင့် နိုင်ငံတော်အချုပ်အခြာအာဏာနှင့် နိုင်ငံပိုင်နယ်မြေ တည်တံ့ ခိုင်မြဲရေးကို တစိုက်မတ် မတ် ထိန်းသိမ်းကာကွယ်သွားမည်ဖြစ်ကြောင်း ပြောဆိုထားပါတယ်။

 

ဒီနေ့မှ စပြီး ရောက်ရာနေရာမှ မိမိတို့တပ်များ ချက်ချင်း အပစ်အခတ်ရပ်စဲကာ စစ် ကောင်စီတပ်တွေ ကို အစပြုထိုးစစ်ဆင်တိုက်ခိုက်မည်မဟုတ်ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ် ကြိုးပမ်း ဆောင်ရွက်မှုအောက်တွင် လားရှိုးအပါအဝင် သက်ဆိုင်ရာကိစ္စရပ်များကို တွေ့ဆုံဆွေးနွေး သော နည်းလမ်းဖြင့်ဖြေရှင်းနိုင်မည်ဟု မျှော်လင့်တယ်လို့ ဆက်လက်ပြောဆိုထားပါတယ်။

 

MNDAA အနေနဲ့လည်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်ပေးမှု အတိုင်း တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

 

ဒါပေမယ့် စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံနေရာအနှံ့မှာ ဖော်ဆောင်နေတဲ့ ဝေဟင်နဲ့ မြေပြင် ထိုးစစ် ဆင်တိုက်ခိုက်နေမှုတွေကို ရပ်ဆိုင်းပေးရမယ်လို့ တောင်းဆိုထားပါတယ်။

 

တွေ့ဆုံဆွေးနွေးရာမှာလည်း MNTJP/MNDAA မှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မှာဖြစ် ပြီး နှစ်ဦးနှစ်ဖက်ကြားရှိ ပဋိပက္ခတွေနဲ့ အမြင်သဘောထားကွဲလွဲမှုတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေ ရှင်းသွားနိုင်လိမ့်မည်လို့ မျှော်လင့်ပါကြောင်း ‌MNDA က ပြေပါတယ်။

 

MNDAA အနေနဲ့ နိုင်ငံရေးနည်းလမ်းကို အားပေးထောက်ခံသော်လည်း မိမိကိုယ်ကိုခုခံကာကွယ်ခွင့် ကို ယခင်နည်းတူ ဆက်လက်စွဲကိုင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
CDM News

CDM News

မတရားစုဆောင်းခံရသူ စစ်မှုထမ်းတပ်သား အယောက် ၁၀၀ တွင် ၉၀ ခန့် ထွက်ပြေးချင်ကြဟု လက်နက်ခဲယမ်းနှင့်အလင်းဝင်လာသူ ခမရ ၅၅၈ တပ်ရင်းမှ စစ်မှုထမ်းတပ်သား ၂ ဦးက ဝန်ခံထွက်ဆို   သံလွင်မြန်မာသတင်း မေလ ၃၀   မတရားစုဆောင်းခံရသူ စစ်မှုထမ်းတပ်သား အယောက် ၁၀၀...