MNDAA News

MNDAA News

မင်းအောင်လှိုင်သည် ပြည်သူများ၏ အသက်နှင့် ဥစ္စာပစ္စည်းများ လုံခြုံရေးကို လုံးဝဂရုမစိုက်ဘဲ နိုင်ငံအနှံ့ နေရာအနှံ့ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေဟု MNDAA ပြောဆို

 

D Day News

စက်တင်ဘာလ ၃၀

 

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ပြည်သူများ၏ အသက်နှင့် ဥစ္စာပစ္စည်းများ လုံခြုံ ရေးကို လုံးဝဂရုမစိုက်ပဲ နိုင်ငံအနှံ့ နေရာအနှံ့ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ ကြောင်း MNDAA က ထုတ်ပြန်ပြောဆိုလိုက်သည်။

 

ယနေ့ စက်တင်ဘာလ ၃၀ ရက် နံနက်အစောပိုင်း ၁၂ နာရီ ၃၅ မိနစ်မှ ၄၃ မိနစ်အထိ လားရှိုးမြို့ကို မင်းအောင်လှိုင် အာဏာသိမ်းတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ရာ ပေါင်ချိန် များသော ဗုံး ၃ လုံးကို ကြဲချခဲ့ကြောင်း၊ ယင်းဗုံးသီး ၃ လုံးအနက် ဗုံး၂လုံးမှာ လားရှိုးမြို့ ရပ်ကွက် ၁၁ ဂေါက်ကွင်းအနီးတွင် ပေါက်ကွဲခဲ့ပြီး တစ်လုံးမှာ ရပ်ကွက် ၈ မန်ဆူ ဟိုတယ်အနီးတွင် ပေါက်ကွဲခဲ့ ကြောင်း သိရသည်။

 

ထို့သို့ ဗုံးပေါက်ကွဲမှုကြောင့် ဒေသနေအပြစ်မဲ့ပြည်သူတစ်ဦး ဒဏ်ရာအပြင်းအထန်ရကာ အဆောက် အဦ အများအပြား ပျက်စီးခဲ့ကြောင်း၊ ဗုံးပေါက်ကွဲသည့်နေရာသို့ လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှု ကော်မတီ၏ သက်ဆိုင်ရာဌာန၊ ရဲစခန်းနှင့် ရပ်ရွာကာကွယ်စောင့်ရှောက်ရေး အဖွဲ့တို့က အခင်းဖြစ် ရာ သို့ အမြန်သွားရောက် ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ပြီး ဒဏ်ရာရသူများကို ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ကုသပေးခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာလဆန်းမှ စ၍ မင်းအောင်လှိုင်က “တန်ပြန်ထိုးစစ်” ဟု ခေါ်သည့် စစ်ဆင်ရေးကို စတင် ခဲ့ပြီး ပြည်သူများ၏ အသက်နှင့် ဥစ္စာပစ္စည်းများ လုံခြုံရေးကို လုံးဝဂရုမစိုက်ဘဲ နိုင်ငံအနှံ့ နေရာအနှံ့ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ရာ ထိခိုက်သေဆုံးရသော လူဦးရေမှာ တစ်နေ့ထက်

တစ်နေ့ မြင့်တက်လာနေကြောင်း၊ ပြည်သူများ၏ အသက်မွေးဝမ်းကြောင်းများ တဖြည်းဖြည်း ပြန် လည် ကောင်းမွန်လာခဲ့သည့် လားရှိုးမြို့ကို မင်းအောင်လှိုင် အာဏာသိမ်းတပ်၏ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၉ ကြိမ် ပြုလုပ်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးပြီး ၃၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Photo – ယနေ့စက်တင်ဘာလ ၃၀ ရက် နံနက်ပိုင်းတွင် လားရှိုးမြို့ကို စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အပျက်အစီးများကို မြင်ရစဉ်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဒီးမော့ဆိုမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ကာ စစ်ကြောင်း ထိုးနေမှုကြောင့် တိုက်ပွဲ ပြင်းထန်နေပြီး ပြည်သူထောင်ချီ စစ်ဘေးရှောင်နေရ

ဒီးမော့ဆိုမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ကာ စစ်ကြောင်း ထိုးနေမှုကြောင့် တိုက်ပွဲ ပြင်းထန်နေပြီး ပြည်သူထောင်ချီ စစ်ဘေးရှောင်နေရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၂ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုးနေမှု ကြောင့် တိုက်ပွဲပြင်းထန်နေပြီး ပြည်သူထောင်ချီစစ်ဘေးရှောင်နေရကြောင်း KA စစ်ရေးချုပ် ဗိုလ်မှူး ကြီးဘုန်းနိုင်က  ပြောကြားသည်။ ဩဂုတ်လ ၈ ရက်နေ့မှစ၍ လွိုင်ကော် - ဒီးမော့ဆို - ဖရူဆို...