MNDAA News

MNDAA News

အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုသည် မြန်မာနိုင်ငံတဝန်းလုံး ပျံ့နှံနေမှု ကြောင့် ငြိမ်းချမ်းရေး အလှမ်းဝေးနေဦးမည်ဖြစ်ကြောင်း MNDAA ပြောဆို

 

D Day News

စက်တင်ဘာလ ၂၈

 

အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုနေမှုသည် မြန်မာနိုင်ငံ တဝန်းလုံး ပျံ့နှံ့လျက်ရှိပြီး ငြိမ်းချမ်းရေးသည်လည်း အလှမ်းဝေးနေဦးမည်ဖြစ်ကြောင်း MNDAA က ထုတ်ပြန် ပြောကြားသည်။

 

ယနေ့ စက်တင်ဘာ ၂၈ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်မှ နံနက် ၂ နာရီ ၅၀ မိနစ် အကြားတွင် မင်း အောင်လှိုင်၏ အာဏာသိမ်းတပ်ဖွဲ့က သိန္နီခရိုင်သံလွင်လျင်ဟိုန်ဒေသ နောင်မွန်မြို့နယ်ကို လေ ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဗုံးအသေး ၁၀ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား တစ်ဦး၏ ဘယ်ဘက်ခြေဖဝါး ထိခိုက်ပြုတ်ထွက်သွားကာ နေအိမ်များနှင့် လမ်းများ စသည်တို့လည်း ပျက်စီးခဲ့ကြောင်း သိရသည်။

 

ဩဂုတ်လကုန်မှစ၍ ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်နေ့အထိ မင်းအောင်လှိုင်၏ အကြမ်းဖက် စစ် တပ်က နိုင်ငံအနှံ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာခဲ့ကြောင်း၊ ယင်းတို့ အနက် အထူးဒေသ ၁ အုပ်ချုပ်ဒေသ ဧရိယာအတွင်းသို့ လေကြောင်းဖြင့် တိုက်ခိုက်မှု အနည်းဆုံး ၉ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ လေကြောင်းဖြင့် ၉ ကြိမ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၈ ဦးထက်မနည်း ထိခိုက် သေဆုံးပြီး ၄၆ ဦး ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူလူထုပိုင်ဆိုင်သော နေအိမ်များ၊ ဈေးဆိုင်းများ၊ ယာဉ်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုသည် တိုင်းတာ၍ မရကြောင်း MNDAA က ထုတ်ပြန်ထားသည်။

 

မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် အ ကြောက်တရားနှင့် အကူအညီမဲ့မှုများသည် မြန်မာနိုင်ငံတစ်ဝှမ်း၌ ပျံ့နှံ့နေပြီး ငြိမ်းချမ်းရေးသည် အ လှမ်း ဝေးနေဆဲဖြစ်ကြောင်း MNDAA က ပြောဆိုသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
CDM News

CDM News

CRPH ၏ “အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်း ဥပဒေ” သည် စစ် ကောင်စီ၏ CDM ဝန်ထမ်းများ အပေါ်ထားသော သဘောထားတူညီနေသဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ထုတ်ပြန်   သံလွင်မြန်မာသတင်း ဇွန်လ ၁၅ CRPH ၏ “အကြမ်းမဖက်...