MNDAA News

MNDAA News

အမေရိကန်ပြည်ထောင်စုထံမှ နှစ်စဉ် ဘဏ္ဍာရေအကူအညီ သန်း ၂၀၀ ရရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ချက်သည် မှားယွင်းသော ဝါဒဖြန့်မှုဖြစ်ပြီး တပ်ဖွဲ့ကို အသရေဖျက်မှုတစ်ခုဖြစ်ကြောင်း MNDAA ထုတ်ပြန်

 

D Day News

စက်တင်ဘာလ ၂၇

 

အမေရိကန်ပြည်ထောင်စုထံမှ နှစ်စဉ် ဘဏ္ဍာရေအကူအညီ သန်း ၂၀၀ ရရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ချက်သည် မှားယွင်းသော ဝါဒဖြန့်မှုဖြစ်ပြီး တပ်ဖွဲ့ကို အသရေဖျက်မှုဖြစ်ကြောင်း MNDAA ထုတ်ပြန် ယနေ့စက်တင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။

 

စက်တင်ဘာလ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်က MNDAA ၊ TNLA တို့သည် NUG နှင့် စစ်ရေး မဟာမိတ်ဖွဲ့ပြီး တိုက်ခိုက်နေကြောင်း၊ NUG သည် အမေရိကန်၏ အထောက်အပံ့ကို နှစ်စဉ် ဒေါ်လာ သန်း ၂၀၀ ခန့်ရရှိနေပြီး အမေရိကန်မှ မြန်မာ့ပြည်တွင်းရေး မတည်မငြိမ် ဖြစ်စေရန် နှစ်စဉ် ဒေါ်လာ သန်း ၂၀၀ သုံးစွဲနေသည်မှာ ထင်ရှားကြောင်း အကြမ်းဖက်စစ်ကောင်စီက စွပ်စွဲထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန် စွပ်စွဲချက်သည် စစ်ကောင်စီ၏ မှားယွင်းသော ဝါဒဖြန့်မှု တစ်ခုဖြစ်ပြီး MNDAA တပ်ဖွဲ့ ကို အသရေဖျက်မှုတစ်ရပ်သာဖြစ်ကြောင်း၊ MNDAA စစ်တပ်အနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်သော ဆက်မှုမျိုး တစ်ခါမှ မရှိခဲ့ကြောင်း၊ ထို့အပြင် အမေရိကန်ပြည် ထောင်စုထံမှ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ငွေအကြးအကူအညီ ရရှိခဲ့ခြင်း မည်သည့်အခါမျှ မရှိ ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သော အာဏာသိမ်းတပ်များသည် အထူးအုပ်ချုပ်ခွင့်ရဒေသ အပေါ် ပိတ်ဆို့မှုအရေးယူမှုများ တိုးမြှင့်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများကို ဝါဒဖြန့်ရန် ကြိုးစားလှုံ ဆော်မှုတစ်ခုဖြစ်ပြီး MNDAA တပ်ဖွဲ့သည် အမေရိကန်လိုလားသော အဖွဲ့အစည်းအဖြစ် ကောလဟာ လ လိမ်လည်လှည့်ဖြားရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ကန့်ဘလူမြို့နယ်တွင် စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး အသက် မပြည့်ကလေးငယ်များ အပါအဝင် ၁၆ ဦးကို ဖမ်းဆီး၊ စစ်တပ်က စစ်ကြောင်း ၄ ကြောင်းဖြင့် တိုက်နယ်နှစ်ခုအတွင်း ဝင် ရောက်နေသော ပြည်သူ သောင်းချီထွက်ပြေးနေရ   သံလွင်မြန်မာသတင်း ဇွန်လ ၃...