လားရှိုးမြို့လူနေရပ်ကွက်အတွင်းသို့ စစ်ကောင်စီတပ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၁၂ ဦးထိခိုက်ဒဏ်ရာရရှိပြီး အဆောက်အအုံများထိခိုက်ပျက်စီး
D Day News
စက်တင်ဘာလ ၉
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ရှိ လူနေရပ်ကွက်အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ် က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၂ ဦးထိခိုက်ဒဏ်ရာရရှိပြီး အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း MNDAA က ထုတ်ပြန်သည်။
ယနေ့ စက်တင်ဘာလ ၉ ရက် နံနက် ၁၀ နာရီ ၂၃ မိနစ်နှင့် ၁၀ နာရီ မိနစ် ၃၀ အချိန်တို့တွင် မင်း အောင်လှိုင်၏ အကြမ်းဖက်တပ်ဖွဲ့က လားရှိုးမြို့ လူနေရပ်ကွက်များသို့ လေကြောင်းမှ ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ လားရှိုးမြို့ ရပ်ကွက် ၁ ထဲ တွင် ဗုံးသီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရ သည်။
ထိုသို့ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုအပြီးတွင် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီနှင့် ရဲဌာနတို့မှ ဝန်ထမ်းများက အခင်းဖြစ်ပွားရာသို့ အမြန်သွားရောက်ကာ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး အရပ်သား၁၂ ဦး ဒဏ်ရာရရှိသည်ဟု ကနဦး သတင်းရရှိထားကြောင်း သိရသည်။
ထိုသို့ ထိခိုက် ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ထားပြီး အတိအကျ ဆုံးရှုံးမှုနှင့် အသေ အပျောက်များကို ထပ်မံသိရှိပါက အတည်ပြုထုတ်ပြန်ပေးးမည်ဖြစ်ကြေင်း MNDAA က ထုတ် ပြန်ထားသည်။
D Day News