MNDAA News

MNDAA News

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်သား ၁၃ ဦး MNDAA တပ်သားအဖြစ် အခမ်း အနား ဖြင့် ကတိသစ္စာပြု ခံယူ

 

D Day News

ဩဂုတ်လ ၂၅

 

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ စစ်သား ၁၃ ဦးသည် MNDAA တပ်ဖွဲ့ထံ တပ်သား သစ်အဖြစ် အခမ်းအနားပြုလုပ်ကာ ကတိသစ္စာပြု ခံယူလိုက်ကြောင်း MNDAA က ထုတ်ပြန်သည်။

 

ဩဂုတ်လ ၂၃ ရက်နေ့က အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ တပ်သား ကိုမိုးထွန်း ဦး ဆောင် သော တပ်သား ၁၃ ဦးသည် MNDAA စစ်ယူနီဖောင်းများ ၀တ်ဆင်ကာ ညာလက်သီးများကို ဆုပ်ကိုင်၍ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်တွင် တရားဝင်ပါဝင်ရန် MNDAA တပ်မတော်အလံရှေ့၌ လေးနက်စွာ ကတိသစ္စာပြုခဲ့ကြောင်း၊ ယင်းအခမ်းအနားသို့ ကွတ်ခိုင်ခရိုင် အုပ်ချုပ်ရေးကော်မတီ၏ ဒုတိယအတွင်းရေးမှူး Mr. Li Xinhai အပါအဝင် ဒေသခံ စစ်ဘက်နှင့် နိုင်ငံရေးဌာန မှတာဝန်ခံပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကတိသစ္စာပြုပွဲ ပြီးဆုံး သွားခြင်းသည် စစ်မှန်သော မဟာမိတ်စစ်သည်တစ်ဦး ဖြစ်လာခြင်းဖြစ် ကြောင်း၊ စစ်မှုထမ်းခြင်း ဆိုင် ရာ စံနှုန်းများကို အချိန်တိုင်း တင်းကြပ်စွာ ဆုပ်ကိုင်ထားရန်နှင့် စစ်မှုထမ်းရန် ကတိသစ္စာစကားကို အမြဲသတိရရန်နှင့် ၎င်းတို့တွင် မတူညီသော တာဝန်များ ရှိပြီး ဘာသာစကား ကွဲပြားသော်လည်း မဟာမိတ်တပ်ဖွဲ့ မိသားစုကြီး၏ အဖွဲ့ဝင်များ ဖြစ်နေဆဲဖြစ် ကြောင်း တပ်သားသစ် ဗမာ ရဲဘော် ၁၃ ဦးကို အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ဒုတိယ အတွင်း ရေးမှူး Mr. Li Xinhai က ရင်းရင်းနှီးနှီး အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အစောပိုင်းတွင် ဗမာစစ်သုံ့ပန်းများနှင့် လက်နက်ချအလင်းဝင်သူများသည် မဟာမိတ်တပ်သို့ တရားဝင်ဝင်ရောက်ခဲ့ပြီး ကိုးကန့်စကားကို ကျွမ်းကျင်စွာ ပြောဆိုတတ်နေပြီဖြစ် ကြောင်း သိရသည်။

 

ဗမာစစ်သုံ့ပန်း၊ လက်နက်ချ အလင်းဝင်ခဲ့သူများနှင့် တိုင်းရင်းသားလူငယ်များသည် ဒီမိုကရေစီ တော်လှန်ရေးအတွက်မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်ထဲကို ဝင် ရောက်ခဲ့ ကြောင်း၊ လူတိုင်းတွင် မတူညီသောဘာသာစကား၊ ယဉ်ကျေးမှုနှင့် ဘာသာရေးယုံကြည်ချက်ရှိ သော်လည်း တူညီသောပန်းတိုင်အတွက် ကြိုးစားအားထုတ်လျက်ရှိကြောင်း MNDAA က ပြောဆို ထားသည်။

 

ရည်မှန်းချက်ကြီးသော ဒေသအသီးသီးမှ တိုင်းရင်းသား လူငယ်များသည် MNDAA တပ်မတော်၏ အရေးပါသော အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး ၎င်းတို့၏ ပူးပေါင်းပါဝင်မှုသည် ရောင်စုံရိုးရာယဉ်ကျေးမှု ကို စစ်တပ်စခန်းသို့ သယ်ဆောင်လာကာ မတူညီသော လူမျိုးစုများကြား စည်းလုံးညီညွတ်မှု စိတ် ဓာတ် နှင့် စစ်အစိုးရ၏ အာဏာရှင်စနစ် အုပ်ချုပ်မှုကို တွန်းလှန်ရန် ၎င်းတို့၏ သန္နိဋ္ဌာန်ကို ပြသခဲ့ ကြောင်း ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
PNLA News

PNLA News

ဆီဆိုင်မြို့နယ်၊ တပူးထိုကျေးရွာအတွင်းဝင်ရောက်တပ်စွဲသည့် PNO ပြည်သူ့စစ်များက ပြည်သူ့နေ အိမ် ၆ လုံးကို မီးရှို့ဖျက်ဆီး၊ပအိုဝ်း ပြည်သူ ၆၀၀၀ ကျော်ကျေးရွာအတွင်းမှ မောင်းထုတ်ခံထားရ သဖြင့် ပြည်တွင်းပြည်ပရှိ မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန်မေတ္တာရပ်ခံ   သံလွင်မြန်မာသတင်း ဇွန်လ ၁၆   ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊...