MNDAA News

MNDAA News

လားရှိုးမြို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို သိမ်းပိုက်ရရှိကြောင်း MNDAA ကြေညာ

 

D Day News

ဇူလိုင်လ ၂၅

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ အရှေ့မြောက်တိုင်း စစ်ဌာချုပ် ကို သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း MNDAA က တရားဝင်ထုတ်ပြန်ကြေညာထားသည်။

 

ယနေ့ ဇူလိုင်လ ၂၅ ရက် နံနက် ၄ နာရီခန့်တွင် လားရှိုးမြို့ အရှေ့မြောက်စစ်ဒေသ ဌာနချုပ်ကို လုံးဝ သိမ်းပိုက်နိုင်ခြင်းခြင်းဖြစ်ပြီး လားရှိုးမြို့လွတ်မြောက်ရေးလှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ်ကြောင်း MNDAA က ကြေညာလိုက်ခြင်းဖြစ်သည်။

 

“လားရှိုးမြို့ ရှေ့တန်းသတင်း ဇူလိုင် ၂၅ ရက်- ၂၃ ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် MNDAA တပ်မတော်မှ လားရှိုးမြို့ အရှေ့မြောက်စစ်ဒေသ ဌာနချုပ်ကို ဇူလိုင် ၂၅ ရက် နံနက် ၄ နာရီတွင် လုံးဝ သိမ်းပိုက်နိုင်ခဲ့သည်။ လားရှိုးမြို့ကို လုံး၀ လွတ်မြောက်ကြောင်း MNDAAတပ်၏ ရှေ့တန်းစစ် ဌာန ချုပ်က ကြေညာသည်။ လားရှိုးမြို့ လွတ်မြောက်ရေး တော်လှန်ရေး လှုပ်ရှားမှုသည် သမိုင်းဝင် အောင်ပွဲတစ်ခု ဖြစ်သည်” ဟု MNDAA က ကြေညာထားသည်။

Photo – ပုံဟောင်း

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

အကြမ်းဖက်စစ်အုပ်စု၏ ညှင်းပန်းနှိပ်စက်မှုကြောင့် ကင်ဆာရောဂါရရှိပြီး ဆေးဝါးလုံလောက်စွာ ကုသမှုမပေးသဖြင့် မန္တလေးမြို့၊ ရတနာပုဂံတိုက် ဆရာတော် ဦးပသံသိယ ပျံလွန်တော်မူ   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၇   မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်အတွင်း၌ အကြမ်းဖက်စစ်အုပ်စု၏ ညှင်းပန်းနှိပ်စက်မှုကြောင့် ကင်ဆာရောဂါရရှိပြီး ဆေးဝါးကုသမှု လုံလောက်စွာ မရရှိသဖြင့် ရတနာပုဂံတိုက် ဆရာတော်...